ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ကျောင်းသား/သူများအတွက် စာရေး ကရိယာနှင့် ထီးများ သွားရောက်လှူဒါန်း

 

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်တင်မေထွန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများနှင့် အဖွဲ့သည် ဇွန်လ (၅) ရက်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ဝမ်မုံရွာ၊ ဆီလီမွန်းရွာ၊ မော်တီရွာများရှိ ကျောင်းသား/သူ (၁၉)ဦးတို့အား စာရေးကရိယာများ နှင့် ထီးများ သွားရောက် လှူဒါန်းပေးခဲ့ကြသည်။

ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းမိသားစုမှလည်း ဝမ်မုံကျေးရွာရှိ ဒသမတန်းတွင် ပညာသင်ကြားနေေဿ မနန်းဖင်းအတွက် စာရေးကရိယာ အစုံနှင့် ဘော်ဒါဆောင် စားရိတ် (၁)နှစ်စာ ကုန်ကျစရိတ်အား ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

USDP Tcl


Leave a Reply