ဗီဇာလျှောက်ထားမှုအခက်တွေ့ရပြီးနောက် ချဲလ်ဆီးရဲ့ကွင်းသစ်စီမံကိန်းကို အေဘရာမိုဗစ်ရပ်ဆိုင်း

ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ဟာ ဗြိတိန်းပြည်ဝင်ခွင့် ဗီဇာလျှောက်ထားမှုမှာ အခက်အခဲတွေ ကြုံခဲ့ရပြီးနောက် ကလပ်ရဲ့ကွင်းသစ်စီမံကိန်းကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

မစ္စတာမိုဗစ်ဟာ ဒီတစ်ပတ်အစောပိုင်းက အစ္စရေးနိုင်ငံသားခံယူခဲ့ပေမယ့် သူ့ရဲ့ဗီဇာလျှောက်ထားမှုကို ဗြိတိန်ဘက်က ခွင့်ပြုပေးခြင်း မရှိသေးပါဘူး။ သူဟာအစ္စရေးနိုင်ငံသား တစ်ဦးအဖြစ် ဗြိတိန်မှာ ဗီဇာ
မလိုဘဲ ၆ လနေထိုင်ခွင့်ရှိမှာ ဖြစ်ပေမယ့် အလုပ်လုပ်ခွင့်အတွက်တော့ ဗီဇာလိုအပ်လို့ ချဲလ်ဆီးအသင်း ပိုင်ရှင်အဖြစ် တရားဝင်တာဝန်ယူလို့ ရမှာမဟုတ်ပါဘူး။

ဒါကြောင့် လက်ရှိကွင်းနေရာမှာဘဲ တည်ဆောက်မယ့် ပေါင် ၁ဘီလီယံကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ကွင်းသစ်စီမံကိန်းကိုပါ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်းက ရုရှားသလျှိုဟောင်း ဆာဂျီစခရီပယ်လ်နဲ့ သူ့သမီးကို အာရုံကြောထိခိုက်ပြီး သေဆုံးစေတဲ့အဆင့်မြင့်အဆိပ်နဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့မှုမှာ ရုရှားရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်ဘက်က စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးဟာ အဆိုးရွားဆုံးအဆင့်ကို ရောက်ရှိခဲ့တာပါ။ စခရီပယ်လ်ဟာ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ MI 6 ကို လျှို့ဝှက်ချက်တွေ ပေးပို့ခဲ့တယ်ဆိုပြီး ရုရှားမှာပြစ်ဒဏ် ချမှတ်ခံထားရတာဖြစ်ပါတယ်။ ဒီပြဿနာကြောင့် ဗြိတိန်ဘက်က ရုရှားသမ္မတ ပူတင်နဲ့ နီးစပ်သူတွေကို ပစ်မှတ်ထားနေရမှာ အေဘရာမိုဗစ်လည်း ပါဝင်သွားခဲ့တာဖြစ်ပါတယ်။

 

90Minutes