ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်၌ ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်း၊ ၂၁ ဦးသေဆုံး

ဘရာဇီးနိုင်ငံမြောက်ပိုင်း ဘီလမ်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားအများအပြားက အစုလိုက် အပြုံလိုက် ထောင်ဖောက် ထွက်ပြေးနိုင်ရန် ကြိုးပမ်းကြရာမှ လူပေါင်း ၂၁ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း၊ ဒေသဆိုင်ရာ သတင်းဌာနများက ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန် သည်။

အကျဉ်းသားများသည် အကျဉ်းထောင်အပြင်ဘက်ရှိ လက်နက်ကိုင်အုပ်စုတစ်ခု၏အကူအညီဖြင့် ထောင်ဖောက် ထွက်ပြေးနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ အကျဉ်းထောင်၏နံရံကို အပြင်ဘက်မှ ဖောက်ခွဲဖျက်ဆီးကာ အကျဉ်းသမား များ ထွက်ပြေးလွတ်မြောက်နိုင်စေရေးအတွက် လက်နက် ကိုင်အုပ်စုတစ်စုက အားပေးကူညီခဲ့သည်။

ဘရာဇီးနိုင်ငံ ပါရာပြည်နယ် ဘီလမ်မြို့ရှိ ဘန်တာ အစ္စဘဲလ် ပင်နီတန်ရှယ်ရီ အကျဉ်းထောင်၌ ထောင်ဖောက် ရန် ကြိုးပမ်းစဉ် လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်အစောင့် တစ်ဦး၊ အကျဉ်းသားများနှင့် အကျဉ်းထောင်ပြင်ပမှ ပူးပေါင်းကြံစည်သူလက်နက်ကိုင်များဖြစ်သည့် လူပေါင်း ၂ဝ ထက်မနည်း သေဆုံးခဲ့ရသည်။

အမေဇုန်မိုးသစ်တောဒေသရှိ ဘီလမ်မြို့၌ အကျဉ်း ထောင်မှ အကျဉ်းသားများထွက်ပြေးလွတ်မြောက်နိုင်ရေး အတွက် လက်နက်ကိုင်အုပ်စုက ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြု၍ တံတိုင်းနံရံကို ဖျက်ဆီးရန် လုပ်ဆောင်ခဲ့ ကြောင်း ပါရာပြည်နယ် လုံခြုံရေးဌာနက ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ဖော်ပြသည်။

အကျဉ်းထောင်ပြင်ပမှ အကူအညီပေးသော လက်နက်ကိုင်အုပ်စုမှာ လက်နက်များကို အပြည့်အစုံ တပ်ဆင်ထား သူများဖြစ်ပြီး အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများမှာလည်း လက်နက်များ ကို ကိုင်ဆောင် ထားကြကြောင်း လုံခြုံရေးဌာန၏ ပဏာမထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။

အကျဉ်းထောင်လုံခြုံရေးအစောင့်များနှင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အကျဉ်းသားများနှင့်အကျဉ်း ထောင်ပြင်ပရှိ လက်နက်ကိုင်များဖြစ်သည့် လူပေါင်း ၂ဝ သေဆုံးခဲ့ရကာ အကျဉ်းထောင်လုံခြုံရေးအစောင့်တစ်ဦး မှာလည်း သေဆုံးခဲ့ရကြောင်း၊ အကျဉ်းထောင်လုံခြုံရေး ငါးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

-Ref; AFP