ရပ်ကွက် ကျေးရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌများ နယ်မြေကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တာဝန်ပေးအပ်ပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးမောက်မြို့ တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုပါတီ ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု နယ်မြေ ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တာဝန်ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီရုံး၌ကျင်းပ ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ၊ပြည်နယ်ပါတီအတွင်း ရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီ ကော်မတီဝင် ဦးမြအုန်း၊ ဦးသိန်း ထွန်းအေးနှင့် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်းနှင့်ကော် မတီဝင်များ၊ မိုးမောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်၊ အတွင်း ရေးမှူး ဦးဒါရှီတူးလွန်နှင့်ကော်မတီဝင်များ၊ ဗန်း မော်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ ရပ်ကွက်ကျေး ရွာအုပ်စုပါတီကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာနယ်မြေကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ကြ သည်။

ရှေးဦးစွာ ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရာဝမ်းဂျုံ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင်ဦးမြအုန်း၊ ဦးသိန်းထွန်းအေးတို့က အမှာစကားပြောကြားခဲ့ ကြပြီး ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု နယ်မြေကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တာဝန် ပေးအပ်လွှာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ် ပါတီဥက္ကဋ္ဌနှင့်အဖွဲ့က ပြန်လည်ဆွေးနွေးခဲ့ကြ၍ ရပ်/ကျေးပါတီကော်မတီဥက္ကဋ္ဌများအား ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ငွေကျပ် ၄၆ဝဝဝဝ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ