ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ ပါတီဗဟိုအတွင်းရေးမှူးတက်ရောက်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရေစခန်းတိုက် နယ် အိုင်မကျေးရွာအုပ်စု ရွာလယ်ဓမ္မာရုံတွင် (၁၇)ကြိမ်မြောက် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဧရာဝတီ တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းမှ တက် ရောက်ချီးမြှင့်ပြီး တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်မှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ပြီး အမှာစကားပြောကြားကာ အိုင်မ ကျေးရွာအုပ်စု၊ကျွဲတလင်းကျေးရွာအုပ်စု၊ အိမ်ယာ ကြီးကျေးရွာတို့မှ ပါတီဝင်ပေါင်း ၇၃၆ ဦးမှ အဆိုပြုလွှာများ ပေးအပ်ခဲ့ကြပြီး ပါတီဝင်များ ကိုယ်စား ပါတီဝင်နှစ်ဦးက ပါတီသို့ဝင်ရောက်ရ ခြင်းနှင့်ပတ်သက်ပြီး ကျေးဇူးတင်စကားပြောကြား ခဲ့သည်။ ဧည့်သည်တော်များအဖြစ် ရေကြည်မြို့ နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရုံးဝန်ထမ်း များ၊ သာပေါင်းမြို့နယ်အတွင်းရေးမှူးနှင့် ကော် မတီဝင်များလည်း တက်ရောက်ကြပါသည်။

ထို့နောက် ပါတီဝင်ပြည်သူတို့ကို ဗဟို အတွင်းရေးမှူးနှင့်အဖွဲ့က ပါတီရင်ထိုးများ ကိုယ် တိုင် တပ်ဆင်ပေးခဲ့ကြကာ အခမ်းအနားကို နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

သန်းနိုင်ဦး