ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန်စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ အား ဝတ္ထုငွေများဆက်ကပ်လှူဒါန်း

ငါန်းဇွန် ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၈ နာရီခွဲက ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန် စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာလေးများ မြို့တွင်းသို့ အပူဇော်ခံလှည့်လည်ကြွေရာက်တော်မူရာ ငါန်းဇွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးရှေ့၌ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များက အလှူဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းရာ၌ ငါန်းဇွန်မြို့နယ်တွင် ၂ဝ၁၇ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ဖြေဆို အောင်မြင်တော်မူသော ပထမကြီးတန်း နှစ်ပါး၊ ပထမလတ်တန်း ငါးပါး၊ ပထမငယ်တန်း လေးပါး၊ အခြေပြုတန်း ခုနစ်ပါး စုစုပေါင်း စာအောင်သံဃာတော်နှင့် သီလရှင်ဆရာလေး ၁၈ ပါးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင်များက တစ်ပါးလျှင် အလှူဝတ္ထုငွေ ကျပ်ငါးထောင် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါးဇွန်)