အမေရိကန်တွင် ကျင်းပသည့် လူငယ်အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲ မြန်မာအမျိုးသမီး သင်းဝေခိုင် ချန်ပီယံ ပထမဆုဖလား ရရှိ

အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ PGA National Resort & Spa- Fazio Course Palm Beach Gardens ဂေါက်ကွင်းတွင် ၂ဝ၁၈ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၁ ရက်အထိ ကျင်းပခဲ့သောTeens Giv.org Girls Junior Championship ပြိုင်ပွဲသို့ မြန်မာလူငယ် အမျိုးသမီး ဂေါက်သီး အားကစား သမား သင်းဝေခိုင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲတွင် သင်းဝေခိုင်သည် သုံးရက်ပေါင်းရိုက်ချက် ၆၈+၆၉+၇ဝ=၂ဝ၇ ချက် (သတ်မှတ်ရိုက် ချက်ထက် ကိုးချက် လျှော့ရိုက်ပြီး) မြန်မာ လူငယ်များ အတွက် ၂ဝ၁၈ ခုနှစ် မြန်မာနှစ်သစ်ကူး အကြို ချန်ပီယံ ဆုဖလား တစ်ခုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။

၎င်းပြိုင်ပွဲသည် American Junior Golf Association (AJGA) မှဦးစီး ကျင်းပသည့် ပွဲစဉ်တစ်ခုဖြစ်ကြောင်းနှင့် သူမသည် အမေရိကန်နိုင်ငံရှိGary Gilchrist Golf Academy (GGGA) တွင် Golf Academy တက်ရောက်ပြီး ပြိုင်ပွဲမျိုးစုံ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသော မြန်မာလူငယ် အမျိုးသမီး ကစားသမားတစ်ဦးဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ