ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ Website တွင် Post တင်ခြင်းနှင့် လူမှုကွန်ရက်များတွင်သတင်းရေးသားခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်သော Website တွင် Post တင်ခြင်းနှင့် လူမှုကွန်ရက်တွင်သတင်းရေးသား ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ၄နာရီခွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမကြီးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ဟိန်း၊ ဦးမြညိမ်း၊ ဦးစိုး နိုင်နှင့် သူရဦးမြင့်မောင်တို့ တက် ရောက်ကြပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ သင်တန်း သားသင်တန်းသူ ၄၂ ဦးတို့ တက် ရောက်ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက သင်တန်းဆင်းအမှာစကားပြော ကြားရာတွင် ယနေ့သင်တန်းဆင်း သင်တန်းသားသင်တန်းသူများသည် မကြာမီကာလအတွင်း မိမိတို့ဒေသ သို့ ပြန်လည်ထွက်ခွာကြတော့မည် ဖြစ်ကြောင်း၊ ပါတီဝင်များအဖြစ် ပါတီ၏မူဝါဒလုပ်ငန်းစဉ်များအပေါ် ယုံကြည်ခံယူကြသည့်အတွက် ကိုယ်တိုင်ဆန္ဒပြုဝင်ရောက်လာကြ သူများဖြစ်ကြကြောင်း၊ မည်သည့်ပါတီ အဖွဲ့အစည်းမဆို ပြည်သူ တစ်ရပ်လုံးကို ကိုယ်စားမပြုနိုင်ကြကြောင်း၊ သို့ဖြစ်၍ ပါတီဝင် အင်အားများပြားလာရန်၊ ပါတီကိုယုံကြည်ထောက်ခံလာကြသူများ တိုးပွားလာစေရန် အမြဲတမ်း စည်းရုံးဆောင်ရွက်နေကြရန်လိုကြောင်း၊ ပါတီက ပြည်သူများအကျိုးအတွက် ချမှတ်ထားသောမူဝါဒ၊ လမ်းစဉ် များနှင့် လက်တွေ့အကျိုးပြုဆောင်ရွက်နေမှုများအပေါ် ဆက်စပ်၍ ပြည်သူများအတွက် ပျံ့နှံ့စွာသိရှိနိုင်စေရန်အတွက် ပါတီဝင်တိုင်းက ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပါတီ၏ပုံရိပ်၊ ပါတီဝင်များ၏ပုံ ရိပ်ကိုထိခိုက်စေရန် ရည်ရွယ်ချက် မမှန်မကန်သတင်းဖြန့်ချိမှုများကို လည်း အမှန်တိုင်းသိရှိနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တစ်ဦးချင်းတစ်ယောက်ချင်း လုပ်ဆောင်မှုများရှိသကဲ့သို့ ရည်မှန်း ချက်တူသူများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းသားသင်တန်းသူများသည် လက်တွေ့နယ်ပယ်တွင် Websit Facebook တို့အား အသုံးပြုနေကြသူများဖြစ်သည့်အတွက် သင်တန်းမှရရှိလာသော အသိပညာများ၊ မိမိတို့အချင်းချင်းတွေ့ဆုံ ဆွေးနွေးရာမှရရှိလာသော အချက်အလက်များအား မိမိတို့ပါတီ၊ မိမိတို့ပြည်သူ၊ မိမိတို့အတွေ့အကြုံနှင့်ယှဉ်၍ နိုင်ငံအတွက် မွန်မြတ် တည်ကြည်သော စိတ်ကောင်းစေတနာအမှန်ဖြင့် နယ်မြေခံပါတီဝင် များဖြင့် ဆက်စပ်ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး သင်တန်း သားသင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

အေးကိုကို


Leave a Reply