ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

ဖရူဆိုမြို့၊ မတ်လ ၂၈

ယနေ့(၂၈-၃ -၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)အချိန် ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါ သည်။
ပထမဦးစွာ တက်ရောက်လာကြသော ပြည်ခိုင်ဖြိုး ပါတီ တာဝန်အဆင့်ဆင့်ရှိသူ များက နိုင်ငံတော်အလံ အား အလေးပြုပြီး အခမ်းအနားကိုဖွင့်လှစ်ပါသည်။ ယင်းနောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း က အဖွင့်အမှာစကား ပြောကြားသွားပါသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးတင်ဦး (စည်းရုံးရေးတာဝန်ခံ) မှ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဥက္ကဌများ တာဝန်ပေးအပ်ရခြင်း အား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (ဖရူဆိုမြို့နယ်တာဝန်ခံ) ဦးမော်ရယ်နှင့် ဖရူဆိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဆားရယ်တို့က တာဝန်ပေးအပ်ခြင်းခံရသော ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဌများအား တာဝန်ခန့်အပ်လွှာ အသီးသီးပေးအပ်သွားပါသည်။ ပြီးနောက်တာဝန်ပေးအပ်ခြင်းခံရသော ရပ်ကွက်/ကျေးရွာ အုပ်စုပါတီ ဥက္ကဌများ ကတိသစ္စာခံ ယူပါသည်။
ပြီးနောက် ဖရူဆိုမြို့နယ် ဒီဒါးကူးရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်မေရီမှ ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဆားရယ်ထံသို့ ပါတီဝင်အသစ် (၁၀၀)ဦးအတွက် စုပေါင်းအဆိုပြု လွှာ အသစ်(၁၀၀) စောင်နှင့် ပါတီဝင် နှစ်စဉ်ကြေး (၁၀၀၀၀၀ိ/)ကျပ် အားပေးအပ်သွားပါသည်။ ထို့နောက် ဖရုဆိုမြို့နယ် ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဌများကိုယ်စား ညောင်ဇင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးလောရယ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသွားပါသည်။
ယနေ့ ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း ပြည်နယ်ပါတီနာယက ဦးတောရယ် နှင့် ဒေါ်စုလေးဖြူ၊ ပြည်နယ်ပါတီယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးမော်ရယ်(ဖရူဆိုမြို့နယ် နယ်မြေတာ ဝန်ခံ) ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင် ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယာဉ်သီတာထွေး လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးစူးရယ်နှင့် ဒေါ်ခရစ်စ္စတင်း လွိုင်ကော်မြို့နယ်၊ ကော်မတီဝင် ဦးလင်းမြတ်ဦး၊ ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးဆားရယ်နှင့် မြို့နယ်ကော်တီဝင်များ ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၀)ကျော် တက်ရောက်ပြီး နေ့လည် (၁၁း၁၅) နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်းနှင့် အခမ်းအနား အပြီးတွင် ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့် အဖွဲ့က ရပ်ကျေးပါတီ ဥက္ကဌများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် ကြောင်း သတင်းရရှိသည်။

လမင်း ချစ်သူ