တောင်ကိုးရီးယား သမ္မတဟောင်း နောက်တစ်ဦး အဖမ်းခံရ

တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်း လီမြွန်ဘတ်ကို အဂတိလိုက်စားမှုနဲ့ မနေ့က ဆိုးလ်မြို့မှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။

သူဟာ ၂၀၀၈ ကနေ ၂၀၁၃ ခုနှစ်အထိ တောင်ကိုးရီးယား သမ္မတအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပြီး အခုအခါ အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံရ၊ အဖမ်းခံရ ဒါမှမဟုတ် အပြစ်ဒဏ်ပေးခံရသူ သက်ရှိထင်ရှားရှိနေတဲ့ သမ္မတဟောင်း တွေထဲက လေးဦးမြောက်ဖြစ်ပါတယ်။

သူ့ကို စွပ်စွဲထားတဲ့ ပြစ်မှုတွေ မှန်ကန်တယ်ဆိုရင် ထောင်ဒဏ် ၄၅ နှစ်အထိ စီရင်နိုင်ပါတယ်။ ဒါပေမဲ့ လီမြွန်ဘတ်က သူ့ကို စွပ်စွဲထားတဲ့အမှုတွေ အားလုံးကို ငြင်းဆိုခဲ့ပါတယ်။

-Ref; RFA