ဟုမ္မလင်းပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ Dr မြင့်သိန်းနှင့်အတူ တိုင်းဒေသကြီး အလုပ်အမှုဆောင်ကော်မတီဝင် ဦးစောမြင့်ဦး (ခန္တီးခရိုင်တာဝန်ခံ)၊ ဦးသန်းဝင်းထွန်း၊ ဦးသန်းထိုက်တို့သည် (၂၀-၃-၂၀၁၈)ရက်နေ့၊ ညနေ (၃း၃၀)နာရီအချိန် ဟုမ္မလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိခဲ့ပြီး၊ ညနေ (၄း၀၀)နာရီအချိန်တွင် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ခရိုင်အလုပ်အမှုဆောင် ဦးခင်မောင်ဆွေ၊ မြို့မိ/မြို့ဖမျာ ဖြစ်ကြသော ဦးအေး၊ ဦးစန်းရွှေ၊ ဦးထွန်းရွှေတို့နှင့် ဟုမ္မလင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ အင်အား (၆၀)ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။

Michael Ye