ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များတာဝန်ပေးခန့်အပ်ပွဲ သင်္ဃန်းကျွန်းမြို့နယ်တွင်ကျင်းပ

 

ရန်ကုန် မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံး အစည်းအဝေးခန်းမ ၌ ယနေ့နံနက် ၉ နာရီက မြို့ နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၃၈ ရပ်ကွက်မှ စည်းရုံးရေးမှူး များအား ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ တာဝန်ပေးခန့်အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင် ရန်ကုန် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင် အတွင်းရေးမှူးဒေါ်ဇာခြည်လင်း၊ ခရိုင်ပါတီကော်မတီဝင်များဖြစ်ကြ သောဦးနိုင်အောင်၊ဦးမျိုးဝင်းကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်မြတ် ဇော်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ပါတီစည်းရုံးရေးမှူး များနှင့် ပါတီကော်မတီဝင်များ၊ လူငယ်များ၊ အထူးဖိတ်ကြားထား သော ဧည့်သည်တော်များ စုစု ပေါင်းအင်အား ၂၂ဝ ကျော် တက် ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းသံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးတင်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အရှေ့ပိုင်းခရိုင် အတွင်းရေးမှူး ဒေါ်ဇာခြည်လင်းကရပ်ကွက်ပါတီ ဥက္ကဋ္ဌ တာဝန်ပေးခန့်အပ်လွှာများ ကိုပေးအပ်ရာ ရပ်ကွက်များကိုယ် စား (င/ခ)ရပ်ကွက်ဥက္ကဋ္ဌ ဦးဝင်း မြင့်က လက်ခံယူခဲ့ပြီး (သု/၂၄) ရပ်ကွက်မှ ဦးပြေသိမ်းက ကျေးဇူး တင်စကား ပြန်လည်ပြောကြား ကာ အခမ်းအနားကို နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)