ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမိတ်ဆက်

အမည်           ———————-   ဦးဌေးနိုင်
ပါတီ              ———————–    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း —————-  သိပ္ပံဘွဲ့(သင်္ချာ)၊ မဟာသိပ္ပံဘွဲ့ (ကာကွယ်ရေး)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် – ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ညောင်လေးပင်မြို့နယ်၊  ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၄)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း

 


ဦးဌေးနိုင်၏ ကိုယ်ရေးအကျဉ်း
၁၉၅၈ ခုနှစ် အောက်တိုဘာလ ၄ ရက်တွင် အဖ ဦးအုန်းမောင်၊ အမိဒေါ်အင်မေတို့က ညောင်လေးပင်မြို့နယ်ြ>ွပန်တန်ဆာမြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း ခုနစ် ယောက်အနက် ခြောက်ယောက်မြောက်ဖြစ်သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်တက္ကသိုလ်ဝင်တန်းအထိ တက်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင် ခဲ့သည်။ ထိုကာလအတွင်း လူငယ်လှုပ်ရှားမှုအဖြစ် ကြက်ခြေနီ၊ မီးသတ်လူငယ်များတွင်ပါဝင်ခဲ့ပြီး ကြက်ခြေနီ အဖွဲ့ဝင်အဖြစ် ပဲခူးရိုးမတောင်ပေါ် ကျေးရွာများရွေ့ပြောင်းရေးတွင် ပါဝင်လုပ်အားပေးခဲ့သည်။ ၁၉၇၆-၁၉၇၉ ခုနှစ်အထိ မော်လမြိုင်ကောလိပ်တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့(သင်္ချာ)ကို ရရှိခဲ့သည်။ ထိုကာလအတွင်း လမ်းစဉ် လူငယ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်၊ တက္ကသိုလ်အနုပညာ အသင်း၊ အားကစား၊ ခြေလျင်နှင့်တောင်တက် အသင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကြံခင်း ဘိလပ်မြေတာဇုန်လူငယ်လုပ်အားပေးစခန်း၊ လမ်းစဉ်လူငယ် ခေါင်းဆောင်သင်တန်း အမှတ်စဉ်(၁၄)၊ ခြေလျင်နှင့်တောင်တက်အသင်းဖြင့် ဝိတိုရိယတောင်၊ ဆင်တောင်၊ ဇင်းပေါက်တောင်၊ ဇွဲကပင်တောင်များသို့ တက်ရောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

၁၉၈ဝပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၁)သို့တက်ရောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ဒုဗိုလ်အဖြစ် စတင်ခန့်အပ်ခံရပြီး တပ်မတော်တွင် (၃၅)နှစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ တာဝန်ထမ်းဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုစည်းရုံးရေးကော်မတီဝင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ သန်မြန်သူလုပ်ငန်းစုအသင်းဥက္ကဋ္ဌတာဝန်များ ပူးတွဲထမ်းဆောင်ခဲ့ပါသည်။ တပ်မတော်အတွင်း ရန်သူ့ လက်ချက်ကြောင့် ထိခိုက်ဒဏ်ရာရ စစ်သည်များ အိမ်ရာရရှိရေးအတွက် စစ်မှုထမ်းကောင်းအိမ်ရာများကို တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ဆောက်လုပ်ပေးရေးဆောင်ရွက်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး နာဂစ်မုန် တိုင်းဒဏ်ခံရသော လပွတ္တာမြို့နယ်နှင့် ပြင်စလူမြို့နယ်များတွင် ပြည်သူများအတွက် အိမ်ရာဆောက် လုပ်ပေးခြင်းများအားဆောင်ရွက်ပေးခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမည်စာရင်း တင်သွင်းသော ကိုယ်စားလှယ်အဖြစ် ၂ဝ၁၅ ခုနှစ်အထိ လွှတ်တော်တွင် တာဝန် ထမ်း ဆောင်ခဲ့ပါသည်။ တာဝန် ထမ်းဆောင်ခဲ့စဉ်အတွင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဆိုတင်သွင်း ခဲ့ပြီး ဂျပ်ကာ(ဥပဒေ)၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(ဥပဒေ)၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်တို့တွင် ပါဝင်၍ လွှတ်တော်ရေးရာနှင့် ပတ်သက်သည်များကို ဆောင် ရွက်ပေး နိုင်ခဲ့ပါသည်။ လွှတ်တော်အတွင်း တာဝန်ထမ်းဆောင်စဉ် ဥပဒေဆွေးနွေးခြင်းများဆောင်ရွက်ခြင်း၊ ဥပဒေ ပြင်ဆင်ရေးတွင် အသင်းအဖွဲ့များဆိုင်ရာဥပဒေနှင့် အသင်းအဖွဲ့များ မှတ်ပုံတင်ရေးဥပဒေအဖြစ် အမည်ပြောင်း၍ ယခင်က မှတ်ပုံတင်ပြီးမှ ဆောင်ရွက်ခွင့်ရှိသောအခြေအနေအား မှတ်ပုံတင်၍ဖြစ်စေ မှတ်ပုံမတင်၍ဖြစ်စေ ဆောင်ရွက်နိုင်စေရေးပြင်ဆင်ခဲ့ပြီး မှတ်ပုံတင်လိုပါကလည်း ယခင်ကဝန်ကြီးဌာနမှာသာ မှတ်ပုံတင်ရသော အခြေအနေမှ မြို့နယ်အဆင့်တွင် မှတ်ပုံတင်နိုင်သော အခြေအနေဖြစ်သည်အထိ ရေးဆွဲဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။

ကျောက်ကြီးမြို့နယ်နှင့် မုန်းဒေသတို့တွင် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါ ချို့ယွင်းခံစားနေရသော ပြည်သူများအား စစ်တမ်းကောက်ယူ၍ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းနိုင်ရေးအား ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် မြန်မာဆိုစကားရပ်ကို တစ်မျိုးသားလုံး၏ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားစေရန် အလို့ငှာ ရည်ရွယ်ဖော်ညွှန်းသည့် ရေးသားပြုစု ပုံနှိပ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် မြင့်မြတ်သည့်နိုင်ငံနှင့် တိုင်းရင်း သားအားလုံးသက်ဆိုင်သည့်နေရာ အသုံးအနှုန်းများတွင်သာ သုံးစွဲခွင့်ပြုရေးနှင့် အခြားမသင့်လျော်သော နေရာ အသုံးအနှုန်းများ သုံးစွဲခွင့် မပြုရေးဥပဒေပြဋ္ဌာန်းပေးရေးအဆိုကို တင်သွင်းနိုင်ခဲ့ပါသည်။

ဒေသဖွံ့ဖြိုးရေးအဖြစ် ဒိုက်ဦးမြို့နယ် တက်စုကျေးရွာ၊ အုတ်တွင်းမြို့နယ် ကြို့ကုန်းကျေးရွာတို့အား မီးရရှိရေး နှင့်အုတ်တွင်းမြို့နယ်အတွက် ဆိုလာမီး(၃ဝဝ)ရရှိရေးဆောင်ရွက်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်အတွက် ဆေးစိမ်ခြင်ထောင် ၁၂ဝဝ၊ ယင်လုံအိမ်သာခွက် ၁၂ဝဝ အား ဆောင်ရွက်ပေးနိုင်ခဲ့ပါ သည်။ ဆောင်ရွက်ဆဲဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကျောက်တံခါးမြို့နယ် ဗေဓိကုန်း ကျေးရွာ မီးရရှိရေး၊ ညောင်လေးပင်မြို့နယ် လှည်းဆိပ်သံတံတား၊ အောင်းကြီးကျေးရွာအုပ်စု (၁ဝ)ရွာအား လျှပ်စစ်မီးရရှိရေးအတွက်ဆောင်ရွက်လျက်ရှိပါသည်။
“ အမှန်တကယ်ပြောင်းလဲဖို့ ပြည်ခိုင်ဖြိုးကိုမဲပေးစို့”