F7 “Selfie Expert” စမတ်ဖုန်းသစ်ကို အမြည်းချပြလိုက်တဲ့ Oppo

Oppo ဟာ ပထမဆုံးအကြိမ်အဖြစ် F7 “Selfie Expert” စမတ်ဖုန်းသစ်ကို တရားဝင်ပိုစတာနဲ့အတူ အမြည်း သဘောမျိုး ပြသခဲ့ပါတယ်။ ပိုစတာအရ F7 ထုတ်ကုန်သစ်ဟာ R15 ဒီဇိုင်းနဲ့ဆင်တာကို တွေ့ရပါတယ်။

အဲဒီအရောင်းမြှင့်တင်ရေး F7 ဓာတ်ပုံကို Oppo India က Twitter မှာတင်ခဲ့ပါတယ်။ ဓာတ်ပုံမှာ ထုတ်ကုန်သစ်ရဲ့ ဒီဇိုင်းကို ပြသခဲ့ပါတယ်။ Oppo ရဲ့အမှတ်တံဆိပ်သံတမန်ကတော့ ခရစ်ကတ်ကစားသမား ဟာဒစ်ပန်ရာ ဖြစ်နိုင်ဖွယ် ရှိပါတယ်။ Oppo အနေနဲ့ F7 စမတ်ဖုန်းသစ်ကို မတ်လ ၂၆ ရက်မှာ မိတ်ဆက်သွားဖွယ်ရှိပါတယ်။

သတင်းတွေအရ Oppo F7 မှာ မျက်နှာပြင် ၆.၂ လက်မ FullHD+ နဲ့ 19:9 display အပြင် screen-to-body အချိုးက ၈၉.၀၉ ရာခိုင်နှုန်းအထိ ပါဝင်လာဖွယ်ရှိပါတယ်။ ကောလာဟလ သတင်းတွေအရ selfie ကင်မရာ 25MP အထိ ပါဝင်လာနိုင်သလို Oppo F5 မှာပါဝင်တဲ့ HDR, အဆင့်မြှင့်တင်ထားတဲ့ beauty mode နဲ့ AR စတစ်ကာ တွေ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

ဒါ့အပြင် Oppo F7 နဲ့ R15 စမတ်ဖုန်းတွေမှာ အသစ်ထွက်ရှိမယ့် Snapdragon 670 chipset ဒါမှမဟုတ် MediaTek Helio P6 တို့အသုံးပြုဖွယ်ရှိပါတယ်။ အဲဒီထုတ်ကုန်တွေမှာ Android Oreo အခြေခံ Color OS 4.0 အသုံးပြုထားဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena