ကင်မရာနှစ်လုံးပါဝင်တဲ့ Moto X4 ကို Lenovo မိတ်ဆက်

Lenovo ဟာ ဘာလင်မြို့မှာ ကျင်းပနေတဲ့ IFA ပြပွဲ အထူးပွဲတစ်ခုမှာ Moto X4 စမတ်ဖုန်းကို မိတ်ဆက် ခဲ့ပါတယ်။ Moto X4 မှာ ၅.၂ လက်မ 1080p IPS display နဲ့ Gorilla Glass တို့ပါဝင်ပါတယ်။ ဒီဇိုင်းပိုင်းသပ်ရပ်ပြီး ရေစိုခံသလို dual-camera နဲ့ Alexa ထောက်ပံ့မှု ပါဝင်ပါတယ်။

Moto X4 မှာ Snapdragon 630 chipset (8x Cortex-A53, Adreno 508) နဲ့ RAM 3GB, storage 32GB ကိုအသုံးပြုထားပါတယ်။ ဘက်ထရီက 3,000 mAh ဖြစ်ပါတယ်။ Lenovo က Moto X4 မှာ dual-glass ဒီဇိုင်း အသုံးပြုထားပြီး IP68 အဆင့်သတ်မှတ်ချက်ရထားတာကြောင့် ရေစိုခံပါတယ်။

Moto X4 မှာ dual-camera ကင်မရာနှစ်လုံးပါဝင်ပြီး ပထမကင်မရာမှာ 12MP sensor, f/2.0 lens နဲ့ Dual Pixel autofocus ဖြစ်ပါတယ်။ နောက်ကင်မရာမှာတော့ 8MP ၁၂၀ ဒီဂရီ ရိုက်ကူးနိုင်တဲ့ ultra-wide angle အပြင် f/2.2 lens တို့ပါဝင်ပါတယ်။ အခြားကင်မရာ feature တွေကတော့ phase-detection, dual-tone LED flash, bokeh effects, ultra-wide angel shot တွေအပြင် အဖြူအမည်းဓာတ်ပုံတွေ ရွေးချယ်ရိုက်ကူးနိုင်သလို နောက်ခံကို အစားထိုးကာ 4K ဗီဒီယိုလည်း ရိုက်ကူးနိုင်ပါတယ်။

ရှေ့ကင်မရာကတော့ 16MP ဖြစ်ပြီး f/2.0 lens နဲ့ LED flash လည်းပါဝင်ပါတယ်။ အလင်းအားနည်းတဲ့ နေရာမှာ ရိုက်ကူးနိုင်ဖို့ အထူး 4MP adaptive low-light mode လည်းပါဝင်ပါသေးတယ်။

အခြား feature တွေကတော့ LTE Cat. 13, dual-SIM, fingerprint scanner နဲ့ မိုက်ကရိုဖုန်း ၃ ခုအပြင် ကြိုးမဲ့စပီကာလေးခုအထိ ချိတ်ဆက်နိုင်တဲ့ Bluetooth 5.0 နဲ့ USB Type-C port တို့ဖြစ်ပါတယ်။ Moto X4 မှာ Android Nougat နဲ့ Amazon ရဲ့ Alexa assistant လည်းပါဝင်လာသလို စမတ်ဖုန်း lock ဖြစ်နေရင် တောင်မှ Alexa ကိုအသုံးပြုနိုင်ပါတယ်။ X4 စမတ်ဖုန်းကို တစ်ချက်ထောက်ရုံနဲ့ password နဲ့လုံခြုံအောင် ပြုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်နိုင်မယ့် Moto Key ဝန်ဆောင်မှုလည်း ပါဝင်ပါသေးတယ်။

အနက်နဲ့ အပြာဆိုပြီး အရောင်နှစ်မျိုးနဲ့ရနိုင်တဲ့ Moto X4 ကို စက်တင်ဘာလမှာ ကမ္ဘာတစ်ဝန်း ရောင်းချ သွားမှာ ဖြစ်ပါတယ်။ ဥရောပမှာ ယူရို ၃၉၉ နဲ့ စတင်ရောင်းသွားမယ်လို့ သိရပါတယ်။

စိုးထက် Ref: GSMArena