ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့်ပစ္စည်းများလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ် (၅၁)ရပ်ကွက် အောင် သစ္စာလမ်းတွင် ယခုလ ၂၃ ရက် နံနက် ၅နာရီ ၃၅ မိနစ်၌ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာအိမ်ခြေ၃၈ လုံး၊ လူဦးရေ ၁၅၆ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရာမီးဘေးသင့်ပြည်သူများ အတွက်ယာယီမီးဘေးကယ်ဆယ် ရေးစခန်းအား အမက(၃)စာ သင် ကျောင်းတွင်ဖွင့်လှစ်ထားရှိခဲ့သည်။

အဆိုပါ မီးဘေးသင့်ပြည်သူ များကို ယမန်နေ့ နံနက် ၁၁ နာရီ က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ အတွင်းရေးမှူး ဦးသန်းစိုး၊ ပါတီကော်မတီဝင် ဦးကျော်ထင်နှင့် ရပ်ကွက်စည်းရုံး ရေးမှူးများ၊အမှုဆောင်များက မီး ဘေးကယ်ဆယ်ရေးစခန်း(ယာယီ) ဥက္ကဋ္ဌဦးဆန်းမြင့်ထံသို့ ပါတီဝင် များနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသောအလှူငွေ ကျပ် နှစ်သိန်းနှင့်အဝတ်အထည်၂၃ထုပ်၊ သောက်ရေသန့်ဘူး၊ ခေါက်ဆွဲ ခြောက်များ ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။

တင်ဆန်းအောင်