ဖြိုးစေတနာဆေးကုသရေးအဖွဲ့အခမဲ့ကွင်းဆင်းဆေးကုသ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်မြောက်ပိုင်းခရိုင် ဖြိုးစေတနာ(အခမဲ့)နယ်လှည့်အထွေ ထွေရောဂါဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ခေါင်း ဆောင် ခရိုင်ပါတီဘဏ္ဍာရေးမှူးဦးကြည်စိုး ဦးဆောင်သော ဆရာဝန်၊ သူနာပြု၊ ဆေးဝါးကျွမ်းကျင်သူများပါဝင်သော ဆေးကုသရေးအဖွဲ့ သည် မှော်ဘီမြို့နယ် လှည်းငုတ်ချောင်းကျေးရွာအုပ်စု ရေတွင်းကုန်း ကျေးရွာမြောက်ပိုင်းဓမ္မာရုံတွင် ကျေးရွာနေမိဘ ပြည်သူများအား ယနေ့ နံနက် ၉ နာရီမှစတင်၍ အနောက်တိုင်းဆေးဝါးဖြင့် အခမဲ့ ဆေးဝါးကုသမှုပြုလုပ်ပေးခဲ့သည်။

အဆိုပါဆေးကုသမှုဆောင်ရွက်ရာတွင် မြောက်ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးတင်ယု၊ ခရိုင်ကော်မတီဝင်ဦးဝင်းစိုး၊ ခရိုင်ကော် မတီဝင် ဦးမင်းမင်း၊ မှော်ဘီမြို့နယ် ပါတီဥက္ကဋ္ဌဦးလှဦးနှင့်ကော်မတီ ဝင်များကဆေးကုသမှုလာရောက်ခံယူနေသောကျေးရွာနေမိဘပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ဆေးဝါး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်သိန်း(လှိုင်သာယာ)