မန်စီမြို့၌ အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကျင်းပ

 

မန်စီ ဖေဖော်ဝါရီ ၂၂

ရပ်/ကျေးအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရ ရှိ စေရန် အပ်ချုပ်စက်အတတ်ပညာ ဖြင့် အသက်မွေးဝမ်းကျောင်းပြုစေ နိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ပြည် ခိုင်ဖြိုးပါတီက ကြီးမှူးကျင်းပ သော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီ က မန်စီမြို့နယ်ပါတီရုံး၌ ကျင်းပ ခဲ့ရာ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူး ဒေါ်ဝိုင်း၊ ဘဏ္ဍာရေးမှူး ဦးကျော် စွာဝင်းနှင့်ကော်မတီဝင်များ၊ မန်စီ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးထွန်းကြိုင်၊ အတွင်းရေးမှူးဦးဂွမ်ဆိုင်နှင့်ကော် မတီဝင်များ၊ သင်တန်းသူများ စုစု ပေါင်း ၄၂ ဦးတက်ရောက်ခဲ့ကြ သည်။

အခမ်းအနားတွင် ခရိုင်ပါတီ ဥက္ကဋ္ဌဦးသန်းဇော်လေး၊ မြို့နယ် ပါတီ ဥက္ကဋ္ဌဦးထွန်းကြိုင်နှင့် သင် တန်းနည်းပြဆရာမဒေါ်ယဉ်ယဉ် မြင့်တို့က အမှာစကားပြောကြားခဲ့ ၍သင်တန်းသူမသဉ္ဇာဖြိုးက ကျေး ဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ခရိုင်ပါတီဥက္ကဋ္ဌ က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသူများ ကိုယ်စား သင်တန်းသူမဂိုင်းတင် ကလက်ခံယူခဲ့၍ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့်သင်တန်းသူများက သင် တန်းနည်းပြဆရာများအား ဆု လက်ဆောင်နှင့် ဂါရဝပြုလက် ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြရာ နည်းပြဆရာမများကိုယ်စား နည်း ပြဆရာမ ဒေါ်ယဉ်ယဉ်မြင့်က လက်ခံယူခဲ့ပြီးစုပေါင်း၍ အမှတ် တရဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ သင်တန်းကာလမှာ တစ်လဖြစ်၍ သင်တန်းသူ ၂၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ