မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၈ နာရီက အောင်မြင်စွာ ကျင်းပခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးစန်းမြင့်၊ မြစ်သားမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးဝင်းမြင့်၊ နယ်မြေတာဝန်ခံ များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးအောင်မိုး နှင့်ကော်မတီများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

ဥာဏ်ဆောင်