ဒဂုံမြို့သစ်တောင်ပိုင်း ပြည်ခိုင်ဖြိုးရပ်/ကျေးပါတီဥက္ကဋ္ဌများတာဝန်ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယနေ့နံနက် ၉ နာရီက ရပ်/ကျေးဥက္ကဋ္ဌများ ပါတီတာဝန်ပေးအပ်ပွဲအခမ်းအနားကို ဒဂုံတောင်မြို့နယ်ပါတီရုံးတွင်ကျင်းပကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီဥက္ကဋ္ဌဒေါ်စန်းစန်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီဥက္ကဋ္ဌ များ၊ ပါတီဝင်များတက်ရောက်ကြသည်။
အစီအစဉ်အရ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဋ္ဌဦးစိန်မြင့်က အမှာစကားပြောကြား၍ ရပ်/ကျေး ဥက္ကဋ္ဌများ ခန့်အပ်လွှာပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးပါတီနာယက ဒေါက်တာ ခင်မောင်ထွန်း(ထက်လင်း)နှင့်ဇနီးတို့မှ ကာရာအိုကေစက်တစ်လုံးလှူဒန်းပေးခဲ့ကြောင်း သိရ သည်။

ဇော်မင်းထွန်း(ဒဂုံတောင်)