ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဝင်များနှင့်တွေ့ဆုံ

 

ဧရာဝတီတိုင်းဒေသကြီးပုသိမ် ခရိုင်အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း နှင့်အဖွဲ့သည် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော် မတီဝင်များအားတွေ့ဆုံကာဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း နှင့်အတူ တိုင်းကော်မတီဝင်များ ဖြစ်သည့် ဒေါ်ခင်စောမူ၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာထိန်ဝင်း၊ ဦးကျော် ဝင်းနိုင်နှင့် ဦးအောင်ဝင်းဆွေတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ် များမှ ၂ဝ၁၈ ခုနှစ်အတွင်း ဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းများနှင့်လိုအပ်ချက်များ အပေါ် တင်ပြဆွေးနွေးရာ ပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း က ထပ်ဆင့်ဆွေးနွေးပြီး ရှေ့ဆက် မည့်လုပ်ငန်းစဉ်များ ချမှတ်ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ ပါတီဗဟိုအတွင်း ရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပန်းတနော်မြို့နယ် ရပ်ကွက်၊ကျေးရွာဥက္ကဋ္ဌနှင့်လူငယ် တွေ့ဆုံပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ သည်။

တွေ့ဆုံပွဲဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုကြ ပြီး နိုင်ငံတော်သီချင်းသံပြိုင် သီဆို ကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ကော်မတီဝင်၊ လူငယ် တာဝန်ခံမှရပ်ကွက်၊ကျေးရွာဥက္ကဋ္ဌ နှင့် လူငယ်တွေ့ဆုံပွဲပြုလုပ်ရသည့် အကြောင်းအား ရှင်းလင်းတင်ပြ ကြသည်။
ထို့နောက် လူငယ်တာဝန်ပေး အပ်ခြင်းနှင့် ကတိသစ္စာရွတ်ဆို ခဲ့ကြပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် တိုင်းဒေသကြီး လူငယ်တာဝန်ခံတို့မှ တက်ရောက် လာသည့်ပါတီဝင် လူငယ်များအား လမ်းညွှန်စကားပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင် ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦး သန်းထွန်းနှင့်အတူ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း၊ တိုင်း ပါတီကော်မတီဝင်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ ထိန်ဝင်း၊ ဦးအောင်ဝင်းဆွေ၊ တိုင်းကော်မတီဝင်နယ်မြေတာဝန်ခံ ဦးသက်လင်း၊ ဦးသန်းထွန်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဥက္ကဋ္ဌ၊ ကော် မတီဝင်များ၊ရပ်ကွက်ကျေးရွာများ မှ ပါတီဝင်များနှင့်ပါတီဝင်လူငယ် များ စုစုပေါင်းအင်အား ၁၅ဝ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Union daily