သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ လပါတ်​အစည်းအ​ဝေးကျင်းပ

 

သီ​ပေါမြို့နယ်​ ပြည်​​ခိုင်​ဖြိုးပါတီ၏ လစဉ်​ပုံမှန်​အစည်းအ​ဝေးကို (၆.၂.၂၀၁၈)ရက် ​နေ့လည် ၀၉း၃၀ အချိန်​က ကျင်းပရာ ပြည်​နယ်​၊ ခရိုင်​၊မြို့နယ်​ ပါတီနှင့် ရပ်/ကျေးပါတီ အဖွဲ့ဝင်​များ တက်​​ရောက်​ကြပါသည်​။

အစည်း​ဝေးတွင်​ ပြည်​နယ်​ပါတီ​ကော်​မတီ ဦးစိုင်းစိန်​လင်းမှ ရှမ်း/​မြောက် ​ ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၇ ခုနှစ်​ စတုထ္ထ သုံးလပါတ်​ ​ဆွေး​နွေးပွဲ အ​တွေ့ကြုံများကို မြို့နယ်​ဥက္ကဌ ဦး​အောင်​​အောင်​မှ ပါတီ၏​ ​ရှေ့လုပ်​ငန်းစဉ်များဖြစ်​သည့့် ပါတီဝင်အင်​အားစီစစ်​ခြင်းနှင့် ရပ်ကျေးပါတီဥက္ကဌအဖွဲ့များ အမြန်​ဆုံး ​ရွေးချယ်​ဖွဲ့စည်းသွားနိုင်​​ရေး ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ ​ဆောင်​ရွက်​သွားကြရန်​  လာမည့် (၇၁) ကြိမ်မြောက် လွပ်လပ်ရေနေ့ အခမ်းအနားကို အင်​အားဖြင့်တက်​ရောက်​ရန်​၊ မြို့နယ်​ပါတီက ဦး​ဆောင်​ ကျင်းပသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ်​ မီနီမာရသွန်​ ပြိုင်​ပွဲကိုလည်း         ပြည်​သူများ ထဲထဲဝင်​၀င်​ သိရှိနိုင်စေရေး​ဆောင်​ရွက်​သွားကြရန်​၊ နယ်​​မြေများ အတွင်းထူးခြာ ဖြစ်​စဉ်​များအား အချိန်​နှင့် တပြေးညီ တင်​ပြသွားကြရန်​၊ ရပ်​/​ကျေးများတွင်​ ဖွဲ့စည်းထားရှိသည့် လူမူ့ကူညီရေး (ပရဟိတ) အသင်း အဖွဲ့များတွင်​ ၀င်​​ရောက်​ပါဝင်​ခြင်း ပူး​ပေါင်း​ဆောင်​ရွက်​ခြင်းများပြုလုပ်​ကြရန်​ ​ဆွေး​နွေးမှားကြားပါသည်​။

ထို့​နောက်​ သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီက ဖွဲစည်းထား​သော ဖြိုး​စေတနာရှင်​ လူမှူကူညီ​ရေးအဖွဲ့ ၏ ဘဏ္ဏာ​ရေးမှူး ဦး​ကျော်​လင်းက အဖွဲ့၏ တစ်​လတာ လှုပ်​ရှား​ဆောင်​ရွက်​ခဲ့သည်​များကို ရှင်းလင်းတင်​ပြခဲ့ပြီး
မြို့်​နယ်​ဥက္ကဌမှ နိဂုံးချုပ်​အမှာစကား ​ပြောကြားကာ အခမ်း အနားကို (၁၁း၀၀)နာရီတွင်​ ​အောင်​မြင်​စွာဖြင့် ရုပ်သိမ်းခဲ့သည်။

ဆွေး​နွေးပွဲသို့. ပြည်​နယ်​၊ခရိုင်​၊မြို့နယ်​၊ရပ်​/​ကျေး ပါတီဝင်​ (၆၅) ဦး တက်​​ရောက်​ခဲ့ပါသည်​။

USDP Shan – North