ပါတီဗဟိုအလုပ်အမှုဆောင်အား တရုတ်ဧည့်အဖွဲ့လာရောက်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ယနေ့ ညနေ ၄ နာရီက တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ လူမှုသိပ္ပံသုတေ သနလေ့လာရေးအဖွဲ့မှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပါတီဗဟိုကော်မတီ ဝင် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြ သော ဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး၊ ဦးနေလင်းနှင့် တိုင်းဒေသကြီးကော်မတီ ဝင် ဦးတင်ဝင်းတို့ တက်ရောက်ကြပြီး နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ သုတေသနလုပ် ငန်းများဆောင်ရွက်ရာတွင် ပြည်ခိုင်ဖြိုး ပါတီမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN