#ရန်ပုံငွေကျပ်၇ဘီလီယံကိစ္စ_နိုင်ငံရေးအရတိုက်ခိုက်မှုဖြစ်ဟုကြံ့ခိုင်ရေးပါတီတုံ့ပြန်

 

ယခင် မကွေးတိုင်းဒေသကြီးအစိုးရ လက်ထက်က ရေနံလက်ယက်တွင်းတွေကရတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၇ဘီလီယံကျော် စုံစမ်းဖော်ထုတ်မှုကိစ္စ ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“မကွေးတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် ဦးဘုန်းမော်ရွှေအနေနဲ့ ပါတီကို ရန်ပုံငွေ ပေးသွင်းရတယ်ဆိုတာ လုံးဝကို မရှိပါဘူး။မကွေးတိုင်းဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ အစိုးရအဖွဲ့ အကြီးအကဲ တာဝန်ထမ်းဆောင်နေချိန်မှာ သူ့ဖွံ့ဖြိုးရေးရန်ပုံငွေဟာ ဝန်ကြီးချုပ် ငွေကြေးစီမံခန့်ခွဲ ခွင့် power ဖြစ်တယ်။ သူ့ရဲ့ ဒေသဖွံ့ဖြိုးရေး အတွက် စီမံဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ရှိမှာပေါ့။ အဲဒီအပေါ်မှာ ဒီလိုမရှင်းမလင်းဖြစ်တဲ့ဟာကို လက်ရှိအစိုးရအဖွဲ့က ခေါ်ယူဆွေးနွေး အဖြေထုတ် လိုက်ရင်ပြီးသွားမှာပါ။ တကယ်လို့ ဥပဒေနဲ့ မညီဘူးဆိုရင် ဦးဘုန်းမော်ရွှေ ရှင်းပေးပါလိမ့်မယ်။ သို့သော် ဦးဘုန်းမော်ရွှေ မကွေးတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေချိန်မှာ တပါတည်းမှာ တိုင်းပါတီဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့တဲ့အခါကြတော့ သူရဲ့ဆောင်ရွက်ချက်တွေကို ပြည်ခိုင်ဖြိုး ပါတီထဲဆွဲထည့်ပြီးတော့ ပါတီကို နိုင်ငံရေးအရ ထိုးနှက်တယ်လို့ဘဲ မြင်တယ်။ ဒီကိစ္စက ဦးဘုန်းမော်ရွှေကို ခေါ်ယူတွေ့ဆုံပြီးတော့ ရှင်းလိုက်ရင်ပြီးသွားမယ့် ကိစ္စကို ဒါအကျယ်ချဲ့ပြီးတော့ ပါတီကို နိုင်ငံရေးအရ တိုက်ခိုက်တယ်လို့ မြင်ပါတယ်။ ဒါမဟုတ်ဘူးဆိုတာ ပါတီကနေပြီးတော့ ပြတ်ပြတ်သားသား ရှင်းလင်း ပြောကြားလိုပါတယ်။”

DVB