လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်အဆိုပြုလွှာ ၃၆၅စောင် ပေးအပ်

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဝင်ကော်မတီရုံးတွင် ယနေ့ နံနက် ၁ဝ နာရီက ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးက ပါတီဝင် အင်အားတိုးတက်ရေး၊ ပါတီစည်း ကမ်းလိုက်နာရေးနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများ ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရပ်ကွက်ကျေးရွာ ၁၂ အုပ်စုမှ ပါတီဝင်အဆိုပြုလွှာ ၃၆၅စောင်အား ကျေးရွာရပ်ကွက် တစ်ခုချင်းစီအလိုက်ပေးအပ်ရာ မြို့ နယ်ပါတီ ဥက္ကဋ္ဌ ဦးမြတ်စိုးက လက်ခံရယူခဲ့ပြီးကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

တင်အောင်(လှည်းကူး)