ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၁၈)ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး အမှတ်စဉ် (၁/၂ဝ၁၈)အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပါတီဌာနချုပ် အစည်းအဝေး    ခန်းမ (၁)၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ပါတီဥက္ကဋ္ဌများနှင့် ဒု- ဥက္ကဋ္ဌများကလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ကိုတင်ပြဆွေးနွေးကြသည်။ ယင်းနောက် ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာကော်မတီတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက ပါတီ လူငယ်ညီလာခံကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့က လုပ်ငန်းလိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ကြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက တင်ပြချက်များ အပေါ်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေ ၅နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။