မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး တက်ရောက်

၆.၁.၂၀၁၈ ရက်နေ့ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်သော ပါတီဝင်များနှင့် တွေ့ဆုံပွဲအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးတို့ တက်ရောက်ပြီး တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီ ကော်မတီဝင်များ ၊ မြို့နယ်ပါတီကော်မတီဝင်များ ၊ ရပ်/ကျေးစည်းမှူးများ ၊ ပါတီဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ ကာ ပါတီ၏ ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးမှာကြားခဲ့ပါသည်။