ကွမ်းခြံကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကျင်းပ

 

ကွမ်းခြံကုန်း၊ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ဗဟိုကော်မတီဝင် တိုင်းအမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်း ဗဟိုကော်မတီဝင် တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး တိုင်းကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဒေါ်မိုးမိုးအိ တောင်ပိုင်းခရိုင် အတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ အရှေ့ပိုင်းခရိုင် ဒေါ်လဲ့လဲ့အေး မြောက်ပိုင်းခရိုင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင် ကွမ်းခြံကုန်းမြို့နယ် ပါတီဥက္ကဌ ဦးတင်လင်းနှင့် မြို့နယ်ကော်မတီဝင်များ အမျိုးသမီးကော်မတီဝင်များ စုစုပေါင်း အင်အား ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။ ယင်းနောက် ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ မိတ်ဆက်စကား ပြောကြားခဲ့သည် ထို့နောက် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းဝင်းမှ အဆိုပါနှီးနှောဖလှယ်ပွဲကျင်းပရသည့် ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်း ပြောကြား၍ အခမ်းအနား ပထပိုင်းအစီအစဉ် ခေတ္တရပ်နားခဲ့ကြသည်။


WMO