ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ပြည်ခိုင်ဖြိုး ရပ်/ကျေးလပတ် အစည်းအဝေး အခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရ်ီလ (၇) ရက် နေ့ မွန်းလွဲ (၁း၀၀) နာရီချိန် ရပ်/ကျေးလပတ်အစည်းအဝေး ပြုလုပ်ရာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ပါတီဥက္ကဌမှ ဗဟိုပါတီရဲ့လမ်းညွန်ချက်များ၊ မိမိတို့ပြည်နယ် ရှေ့ဆက်လုပ်ဆောင် ရမည့် ကိစ္စရပ်များ၊ ပါတီရေးရာကိစ္စရပ်များအား ချပြဆွေးနွေးကာ တက်ရောက် လာခဲ့ကြသော မြို့နယ်ကော်မတီ ဝင်များနှင့် ရပ်/ကျေးစည်းမှူးများ မိမိကျေးရွာအခြေအနေများနှင့် သိရှိလိုသည့်အချက်များအား မေးမြန်းတင်ပြ ဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးကို မော်လမြိုင်ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ ခရိုင်ကော်မတီဝင် ဦးမင်းအောင်မြင့်၊ မြို့နယ် (ယာယီ) ဥက္ကဌ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။ #admin_team