မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အသက် (၇၅) နှစ်အထက် သက်ကြီးပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျင်းပသော အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲကို ယခုလပထမပတ်အတွင်းက ပြည်တော်လှရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်တော်လှ ရပ်ကွက်အတွင်း အသက် (၇၅) နှစ်နှင့်အထက် အဘိုး၊ အဘွား ၅၄ ဦးအား လှူဖွယ်ပစ္စည်းများနှင့် သက်ကြီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ စီကို ပေးအပ်လှူဒါန်းခဲ့ရာ အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ ဆရာတော်သံဃာတော်များ အပါအဝင် မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သက်ကြီးအဘိုးအဘွား ၅၄ ဦး တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်စောသန်းက အဆိုပါသက်ကြီးဘိုးဘွားများအား လှူဒါန်း ရခြင်းနှင့်ဆက်စပ်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဘိုးအဘွားတို့အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ က လှူဒါန်းပေးအပ်ခဲ့ကြ၍ သက်ကြီးလှူဒါန်းခံရခြင်း အဘိုးအဘွားအထဲမှ အဘိုးတစ်ဦးက ကျေးဇူးတင်စကား ရှင်းလင်းပြောကြားခဲ့သည်။

၎င်းအပြင် ဦးစိုးတင့်ရပ်ကွက်အတွင်းသို့ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့ သွားရောက်ပြီး အဘိုးအဘွား များထံသို့ စုစုပေါင်းငွေကျပ် ၁ဝဝဝဝဝ ကိုလည်း ထပ်မံပြီး သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌထံမှ သိရသည်။

အောင်လှဖြူ(ရမ်းဗြဲ)