ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့်အမျိုးသမီးရေးရာ တွေ့ဆုံပွဲ ကျင်းပ

ယနေ့ 7-12-2017 ရက်နေ့ နေ့လည်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေ့ဆုံပွဲအား ကယားပြည်နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး ၊ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဗဟို အလုပ်အမှုဆောင် ဦးပိုးရယ်အောင်သိန်း ၊ ဗဟိုကော်မတီဝင် အမျိုးသမီးရေးရာ တွဲဖက်တာဝန်ခံ ဒေါ်ခင်ရွှေမြင့် တို့ တက်ရောက်ကာ လူငယ်နှင့်အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ၊ ပါတီတွင်း လူငယ်နှင့်အမျိုးသမီးများ ၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်းတို့အား တက်ရောက်ဆွေးနွေးခဲ့ကြပြီး ကယားပြည်နယ်မှ လူငယ် ရေးရာနှင့် အမျိုးသမီးရေးရာ ကဏ္ဍတ၀န်ခံများ ၊ လူငယ်များ၊ အမျိုးသမီးများ စုစုပေါင်းအင်အား ၂၇၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။