ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် (၂၂)

ကြားဖြတ်ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း သည် ချောင်းဆုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ မဲဆန္ဒရှင် မိဘပြည်သူများအား စည်းရုံးမဲဆွယ်လျှက်ရှိရာ ဖေဖော်ဝါရီလ (၂ဝ) ရက် နံနက် (၉) နာရီမှ ညနေ ၀၄း၃၀ အချိန်ထိ ချောင်းဆုံမြို့နယ်ဒရယ်ကျးရွာသို့ မဲဆွယ် စည်းရုံးခဲ့သည်။

အဆိုပါ မဲဆွယ်စည်းရုံးရာသို့ မဲဆန္ဒရှင် မိဘပြည်သူများမှ စိတ်ဝင်စားစွာ လာရောက်နားထောင်ကြကြောင်း သိရသည်။

ထိုသို့လာရောက်နားထောင်ကြသော မဲဆန္ဒရှင်ပြည်သူများအား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပန်းဖလက်များ ဖြန့်ဝေပေးကာ ချစ်စရာ့ မွန်တိုင်းရင်းသားဘာသာစကားဖြင့် “မငေးရအောင်” ဟု ဂါရဝပြု နှုတ်ခွန်းဆက် စကား ရှေဦးစွာပြောကြားခဲ့သည်။

ထိုသို့ ပြောကြားပြီး မဲဆွယ်စည်းရုံးရေးစကားများအား ချောင်းဆုံမြို့နယ် ကွမ်ရိုက်ဇာတိသား မွန်လူမျိုးစစ်စစ် ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းမှ မွန်ရိုးရာဘာသာစကားဖြင့် မဲဆွယ်စည်းရုံး ဟောပြောခဲ့ကြောင်း သိရသည်။

# Phyo Wai San