မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှည့်ကင်းဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရဟုဆို

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမည်မသိ လူအချို့က  သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ နိုဝင်ဘာ ၅ ရက်ညနေက လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် နယ်စပ်ဘက်မှ ပစ်ခတ် ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ဒီဘက်က လှည့်ကင်းလှည့်တာကို ဟိုဘက်ကသေနတ်နဲ့ပစ်တာ။ ဟိုဘက်နယ်စပ်ကနေပေါ့။ ထိခိုက်မှု မရှိပါဘူး။ ဒီဘက်က လည်း လာတဲ့နေရာကို ပြန်ပစ်ပေးလိုက်တာပေါ့’’ ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လက ARSA အကြမ်းဖက်သမားများက မောင်တောဒေသရှိ နယ်ခြား စောင့်ကင်း စခန်းများကို တစ်ပြိုင်တည်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တပ်မတော်နှင့်နယ်ခြား စောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးဆောင်ရွက်ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၅ ရက်က စ၍ နယ်မြေ ရှင်းလင်းရေးလုပ်ငန်း များ ရပ်တန့်ခဲ့ကြောင်းအစိုးရက ထုတ်ပြန်သည်။

မောင်တောဒေသအကြမ်း ဖက်တိုက်ခိုက်မှုတွင် ကိုယ်တိုင် ပါဝင်ခဲ့သူများနှင့် အခြားမျက်မြင် သက်သေများကို စိစစ်ဖော်ထုတ်ချက်အရ အကြမ်းဖက်တိုက်ခိုက်မှု၌ ပါဝင်ဆောင်ရွက်ခဲ့သူ နှစ်ထောင်ကျော်၏ အမည်နှင့် ရွာစာရင်းကိုရရှိခဲ့ပြီး ပါဝင်ခဲ့သူများသည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေး တိမ်းရှောင်သွားကြောင်း တပ်မတော် က သတင်းထုတ်ပြန်သည်။

Crd ; 7day daily