ကမ်းခြေများတွင် တယ်လီနောမှ 4G/LTE ဝန်ဆောင်မှုပေး

 

 

မြန်မာနိုင်ငံတွင်း ထင်ရှားတဲ့ကမ်းခြေတွေမှာ တယ်လီနေကနေ 4G/LTE ၀န်ဆောင်မှုကို တိုးချဲ့ပေးအပ်နေပြီ လို့သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်နှင့်ချောင်းသာ ကမ်းခြေ၊ ရခိုင်ပြည်နယ်ရှိ ငပလီ ကမ်းခြေတွေမှာ ယခု သီတင်းပတ်မှစတင်ကာ တယ်လီနောရဲ့ 4G/LTE ဝန်ဆောင်မှုတွေ ရရှိနေတာာ ဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံအတွင်းက ကမ်းခြေတွေဟာ ပြည်တွင်းမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ လူသိများပြီး အထူးသဖြင့် ပွင့်လင်းရာသီတွေမှာ ပြည်တွင်းနဲ့ နိုင်ငံတကာက ခရီးသွား ဧည့်သည်တွေ အမြဲလာရောက်ကြတဲ့ ထိပ်တန်း လည်ပတ်စရာ နေရာတွေဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ခရီးသွားရာသီစတင်တဲ့အချိန်မှာ ဒီကမ်းခြေတွေကို သွားရောက် လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့ တယ်လီနောရဲ့ 4G/LTE ကွန်ရက်ကိုသုံးပြီး အကောင်းဆုံး အင်တာနက်သုံးစွဲ အတွေ့အကြုံတွေကို ရရှိနိုင်ကြပြီ ဖြစ်ပါတယ်။

ကမ်းခြေမှာ အပမ်းဖြေ အနားယူရင်း hi-definition ဗီဒီယိုတွေကို အပြတ်အတောက်မရှိ ကြည့်ရှုနိုင်မယ်၊ ဂိမ်းတွေကို အထစ်အငေါ့ကင်းကင်း ကစား နိုင်မယ်၊ လူမှုကွန်ရက်တွေကိုလည်း အကောင်းဆုံး အသုံးပြုနိုင် ကြမှာ ဖြစ်တဲ့အတွက် သုံးစွဲသူတွေရဲ့ ပျော်ရွင်စရာ အနားယူချိန်တွေကို ပိုမိုပြည့်စုံစေမှာ ဖြစ်ပါတယ်” ဟု တယ်လီနော မြန်မာရဲ့ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong ကပြောပါတယ်။ -ကောင်းမြတ်ထွန်း