ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျောင်းကုန်းမြို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ အောက်တိုဘာ ၂၃ရက်နေ့ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ ပါတီဝင်များ၊ ရပ်မိ/ရပ်ဖ များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံ့ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များ ရပ်ကျေးပါတီဝင်များနှင့် ဒေသခံပြည်သူလူထု(၆၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဌ ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ဒေသခံ တောင်သူလယ်သမားများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပါတီဥက္ကဌကြီးက ရှင်းလင်း ပြောကြားပြီး လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး ဖြည့်စွက်ရှင်းလင်းပြောကြားခဲ့ပြီးနံနက် (၁၀:၃၀) နာရီအချိန်တွင် တွေ့ဆုံပွဲအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။