နိုင်ငံတော်ပညာသင်ဆုအတွက် ပညာရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်တွင်ဖော်ပြထား

နိုင်ငံတော်ပညာသင်ဆုအတွက် ပညာရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်မှာ ဖော်ပြထားတယ်လို့ အောက်တိုဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကနေသိရပါတယ်။

လက်ရှိမှာ နိုင်ငံတော်ပညာသင်ဆုအနေနဲ့ လိုအပ်ချက်ရှိတဲ့ဆေးတက္ကသိုလ်တွေ၊ တိရိစ္ဆာန်မွေးမြူရေး တက္ကသိုလ်တွေ၊ စိုက်ပျိုးရေးတက္ကသိုလ်တွေ နိုင်ငံတော်ရဲ့ အဆင့်မြင့်ပညာရေး ကဏ္ဍလိုအပ်ချက်တွေကို ဦးစားပေးစိစစ်ပြီး နိုင်ငံတော်ပညာသင်ဆုအဖြစ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဆောင်ရွက် ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်စီမံချက်တွေ၊ လျှောက်ထားသူအတွက်သတ်မှတ်ချက်တွေ ရွေးချယ်ရေးမူတွေကို ပညာရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ ၀က်ဘ်ဆိုက်လိပ်စာကတော့ www.moe.org.mm ဖြစ်ပါတယ်။

အရွေးချယ်ခံရသူတွေရဲ့ အမည်စာရင်းတွေကို အခါအားလျော်စွာ အစိုးရပိုင်သတင်းစာတွေမှာ အချိန်နဲ့ တစ်ပြေးညီ ကြေညာပေးထားတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား မည်ကဲ့သို့စီမံခန့်ခွဲပြီး အများပြည်သူသိရှိအောင်ဆောင်ရွက်နိုင်ရန်နှင့်ပတ်သက်၍ သိလိုခြင်းနှင့် စပ်လျဉ်းတဲ့ မေးခွန်း မေးမြန်းချက်အရ သိရတာဖြစ်ပါတယ်။

-Ref; Internet journal