Xiaomi က နောက်နှစ် ပထမနှစ်ဝက်မှာ လျှပ်စစ်ကား အမြောက်အများ ထုတ်လုပ်မည်

Xiaomi တည်ထောင်သူနဲ့ CEO Lei Jun က ကုမ္ပဏီရဲ့ လျှပ်စစ်ကား ဖန်တီးတဲ့ လုပ်ငန်း တိုးတက်မှုအကြောင်းကို မကြာခင်က ပြောကြားခဲ့ပြီး အမြောက်အများ ထုတ်လုပ်ဖို့ အချိန် သိပ်မကြာတော့ပါဘူး။

သူက လျှပ်စစ်ကားကို အောင်မြင်စွာ စမ်းသပ်ပြီးပြီ ဖြစ်ပြီး နောက်နှစ်မှာ ရောင်းချမယ်လို့ ပြောပါတယ်။ လျှပ်စစ်ကား အမြောက်အများထုတ်လုပ်မှုကို နောက်နှစ် ပထမနှစ်ဝက်မှာ စတင်မှာ ဖြစ်ပြီး သူက သူ့အချိန် တစ်ဝက်လောက်ကို လျှပ်စစ်ကား စီမံကိန်းအတွက် ရင်းနှီးမြှပ်နှံထားတယ်လို့ ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ Xiaomi ဟာ လျှပ်စစ်ကား စီမံကိန်းအတွက် ယွမ် ၃ ဘီလီယမ်ကျော် ရင်းနှီးမြှပ်နှံထားပြီး လျှပ်စစ်ကား လုပ်ငန်းမှာ ဝန်ထမ်း ၂,၃၀၀ ကျော် ခန့်အပ်ထားပါတယ်။

Xiaomi ဟာ ဘေဂျင်းက ယီဇောင်မှာ ကားထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက်ထားပြီး ရုံးချုပ်နဲ့သုတေသနဌာနတွေ ပါဝင်ပါတယ်။

အရင်က သတင်းတွေအရ Xiaomi Modena EV ဟာ အရွယ်လတ် ဆီဒင် အမျိုးအစား ဖြစ်ပြီး Sports ဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီကားကို ယွမ် ၃၅၀,၀၀၀ လောက်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina