ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီကိုယ်စားပြု အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှ အမှာစကား ကောက်နုတ်ချက်များ

(၁) လွှတ်တော်များ၏အခန်းကဏ္ဍကို မဲဆန္ဒရှင်ပြည်သူများက မေးခွန်းထုတ်နေကြပြီ။

(၂) မိမိတို့ပါတီက ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ်ဟူသောဂုဏ်ပုဒ်နှင့်အညီ အလုပ် လုပ်ကြ၊ ကျင့်ဝတ်နှင့်အညီ နေထိုင်ကြ။
(၃) မိမိတို့ကိုယ်စားလှယ်ရွေးချယ်ခြင်းမခံရသော နယ်မြေရှိ ပြည်သူများ၏ဆန္ဒနှင့်အခက်အခဲများကိုလည်း သိအောင်လုပ်၊ လွှတ်တော်မှာ ဆွေးနွေးပေးကြ။
(၄) အပြန်အလှန်ထိန်းကျောင်းမှုဟန်ချက်ပျက်နေသော လွှတ်တော်အရပ်ရပ်တွင် ဒီမိုကရေစီတန်ဖိုးများ ပြန်လည်အသက်ဝင်ရေးအတွက် မိမိတို့ကိုယ်စားလှယ်များက ရှိသည့်   အင်အားဖြင့် မဆုတ်မနစ်ကြိုးပမ်းကြ။
(၅) ဘင်္ဂါလီများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များကို မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာပြီး အမျိုးသားရေးသတိ အစဉ်ရှိကြ။