မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံလုပ်အားပေးခရီးမှ ပြန်လည်ရောက်ရှိ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးနေဝင်းဇော် ဦးဆောင်သော ပါတီဝင်အင်အား ၂၈၁ ဦး တို့သည် ယခုလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ပုဂံရှိ မိဖုရားဖွားစောစေတီ တံတိုင်းရှေ့ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ယခုလ ၂၆ ရက်တွင် ရွှေပြည်တော်သို့ဆုံမှတ်မှ စီစဉ်ပေးသော ရေစကြိုမြို့နယ်ရှိ ရှေးဟောင်းစေတီပုထိုးများတွင် သွားရောက်လုပ်အားပေးရန်ထွက်ခွာရာ မိုးရွာပြီး လမ်းများ ပျက်စီးနေသဖြင့် စေတီများအရောက် သွားမရသဖြင့် လုပ်အားပေးခရီးစဉ်အား ရွှေ့ဆိုင်းကာ ပုဂံသို့ပြန်ခဲ့ရပြီး ယမန်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။

မြန်အောင် ပြည်ခိုင်ဖြိုးပါတီမှ ရွှေစေတီကျောင်းတိုက်ဆရာတော်အား ငွေကျပ်ကိုးသိန်း ကပ်လှူပူဇော်ခဲ့ပြီး ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲအား ဘုရားများပြုပြင်ရန်အတွက် ငွေကျပ်သုံးသိန်း လှူဒါန်းနိုင်ခဲ့ကြပြီး မြန်အောင်မြို့နယ်ပါတီမှ လုပ်အားပေးနိုင်ရေးအတွက် ညောင်ဦးမြို့နယ် ပါတီအတွင်းရေးမှူးနှင့် ညောင်ဦးခရိုင်ပါတီတို့မှ ကူညီပေးခဲ့ကြကြောင်း သိရသည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply