ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု ဆင်လည်ကျေးရွာ၊ ငှက်ပျောကျေးရွာ များ ရွာလုံးကျွတ်ပါတီဝင် အဆိုပြုလွှာ ပေးအပ်ပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက် အားပေး

ရှမ်းပြည်နယ် တောင်ပိုင်းသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ယနေ့ နံနက် ၁ နာရီခွဲ အချိန်တွင် ရှမ်းပြည်နယ် ( တောင်ပိုင်း ) ကလောမြို့နယ် တောင်လားကျေးရွာအုပ်စု ဆင်လည်ကျေးရွာ၊ ငှက်ပျောကျေးရွာများမှ အသက်ပြည့်ပြီးဖြစ်သည့် ကျေးရွာသားအားလုံး ကျေးရွာလုံးကျွတ် ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားပြီး ဆင်လည်ရွာ၊ ကိုယ်စား ရပ်မိရပ်ဖတ်ဦးဖြစ်သည့် ဦးတင်ဦးမှ ပါတီ ဝင်ရခြင်းနှင့်ပါတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက်ပါတီဝင်အဆိုပြုလွှာ များအား ဆင်လည်ကျေးရွာမှ ဦးမောင်ကျော်၊ ငှက်ပျောပင်ကျေးရွာမှ ဦးမောင်ဦး တို့မှပေးအပ်ရာလောမြို့နယ် ပါတီဥက္ကဌ ဦးမျိုးသန့်ဦး လက်ခံရယူပြီး နောက် ပါတီဝင်ကြေးများအားပေးအပ်ရာ ပါတီအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ လက်ခံရယူခဲ့သည်။
၎င်းနောက်ပါတီဌာနချုပ်မှ ဒေသခံပြည်သူများအတွက် အမှတ်တရလက်ဆောင်များပေးအပ်ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ပေးအပ်ခဲ့ကာ ဒေသခံပြည်သူတစ်ဦးက လက်ခံရယူခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းမှ ကျောင်းစိမ်းဝတ်စုံများပေးအပ်ရာ ကျောင်းအုပ် ဆရာကြီး ဦးဥာဏ်လင်းအောင်မှလက်ခံရယူခဲ့သည် ။
အမှတ်တရလက်ဆောင်များ ပေးအပ်မှုများအပြီး ဆွေးနွေးမှုအပြီးတွင် တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြခဲ့ကြသည်။ ထို့ နောက် ပါတီဥက္ကဋ္ဌဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြောကြားကာ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။ အခမ်းအနားပြီးဆုံးပြီးနောက် ဒေသခံတိုင်းရင်းသားများနှင့် စုပေါင်းအမှတ် တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲအခမ်းအနားပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအလုပ်အမှုဆောင်ဦးအောင်ထွန်း၊ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် အဆိုပါကျေးရွာသုံးရွာမှ ပါတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြ သည်
။ ယနေ့ ကျေးရွာများမှာ ကျေးရွာလုံးကျွတ်ပါတီဝင်ရောက်ကြခြင်းဖြစ်သည်။

ပြည်/ဆက်(ဌာနချုပ်)