M ပိုက်ဆံ (M-Pitesan) ဖြင့် မိုဘိုင်းဖုန်းဘေလ်ဖြည့်သွင်းပါက နှစ်ဆပြန်ရမည့်အစီအစဉ် Ooredoo ပြုလုပ်

မိုဘိုင်းငွေလွှဲပြောင်းပေးနိုင်တဲ့ M ပိုက်ဆံ(M-Pitesan) အသုံးပြုသူတွေအနေနဲ့ ၎င်းအက်ပလီကေးရှင်းကို အသုံးပြုပြီး ဖုန်းငွေဖြည့်သွင်းခြင်းအတွက် မိမိဖြည့်တဲ့ ပမာဏအပေါ်မူတည်ကာ နှစ်ဆပြန်ပေးသွားမှာ ဖြစ်ပါ တယ်။

အဆိုပါအစီအစဉ်ကို စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ နှစ်ဆပေးသွားမှာဖြစ်ပြီး အသုံးပြုနိုင်တဲ့ သက်တမ်းအနေနဲ့ စတင်ရရှိတဲ့ ရက်မှစတင်ကာ ၃ ရက်အတွင်းသာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ငွေအပိုလက်ဆောင်များအနေနဲ့ Ooredoo အချင်းချင်းစာတိုနဲ့ ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

M ပိုက်ဆံ (M-Patesan) ဆိုတာကတော့ မိုဘိုင်းငွေလွှဲပြောင်းနိုင်ပြီး သက်ဆိုင်ရာ M ပိုက်ဆံ (M-Pitesan) ကောင်တာတွေမှာ ငွေသားပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုလိုသူတွေအနေနဲ့ Playstore မှာ ဖိုင်အရွယ်အစား 5.50 MB နဲ့ အခမဲ့ရယူအသုံးပြုနိုင်ပါတယ်။

-အောင်သက်ကို