မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ နေအိမ်များ ရေနစ်မြုပ်နေ သော လီဆူတိုင်းရင်းသားတို့အား စားသောက်ဖွယ်ရာများ သွားရောက် လှူဒါန်း

 

(၂၄) နှစ်မြောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအား ထောက်ခံဂုဏ်ပြုသောအားဖြင့် မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်ခင်မြင့်ဌေး၊အတွင်းရေးမှူးဦးမောင်ငယ်နှင့် မြို့နယ် ကော်မတီဝင် များသည် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု ကင်းချောင်းကျေးရွာတွင် နေအိမ် များ ရေနှစ်မြုပ်နေသော လီဆူတိုင်းရင်းသား အိမ်ခြေ (၂၈) အိမ်တို့အား စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြပါသည်။

လှူဒါန်းမှု စုစုပေါင်းမှာ မိုးမိတ်ခရိုင်ပါတီမှ ကျပ် ၅၀၀၀၀ ကျပ် အပါအဝင် ကျပ် ၂၀၀၀၀၀ ဖိုးတိတိ လှူဒါန်းနိုင်ခဲ့ကြောင်း တင်ပြအပ်ပါသည်။

credit >>> ခင်မိုးမိတ်