၂ဝ၁၇ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် ဖတ်ကြားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စာတမ်း

 

၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားအား နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်ခန်းမ၌ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပခဲ့ သည်။

အဆိုပါအခမ်းအနား၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စာတမ်းကို ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက ဖတ်ကြားခဲ့ ပါသည်။ အဆိုပါစာတမ်းအပြည့်အစုံကို ဖော်ပြအပ်ပါသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ တက်ရောက်လာကြသော ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်အပေါင်းနှင့်တကွ ပြည်သူလူထုတစ်ရပ်လုံး စိတ်၏ချမ်းသာ ခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါ စေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ကျွန်တော်ကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးပါ ခင်ဗျား။

ယနေ့ကမ္ဘာပေါ်မှာ ဒီမိုကရေစီကျင့်သုံးမှု ပိုမိုရှင်သန်လာစေရေး၊ ဒီမိုက ရေစီ စိတ်ဓာတ်များ အစဉ်နိုးကြားနေစေရေး သာမက အနာဂတ်ကာလ များတွင်လည်း ထာဝစဉ်ဖော်ဆောင်နိုင်ရေး နှိုးဆော်သတိပေးတဲ့အနေနဲ့ ပါလီမန်အမတ်များ သမဂ္ဂ(Inter-Parliamentary Union-IPU) က နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အဖြစ် (၂ဝဝ၇) ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ယနေ့ဒီနေ့ဒီအချိန်ရောက်တိုင်း နိုင်ငံ တိုင်းမှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနား များ ကျင်းပနေတာဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ခုနှစ်အခန်း (၁)၊ နိုင်ငံတော်အခြေခံမူများ တွင် ”စစ်မှန် ၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်ထွန်းကား ရေးနှင့် နိုင်ငံတော်၌ တရားမျှတခြင်း၊လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူ သော လောကပါလ တရားများ ပိုမိုထွန်းကားရေး” စသည့် အချက်များကို ထည့်သွင်ြး ပဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။

ဒီနေရာတွင် အထူးပြုတင်ပြလိုတာ ကတော့ စည်းကမ်းပြည့်ဝသော ဒီမို ကရေစီစနစ်ဆိုသည်မှာ လောကပါလ တရားနှင့်ကိုက်ညီသည့် နိုင်ငံရေး ကျင့်စဉ် တစ်ခုသာဖြစ်ပြီး မိမိနိုင်ငံ၏ဖြစ်  တည်မှု သမိုင်းကြောင်းအရသော် လည်းကောင်း၊ ပထဝီနိုင်ငံရေးအရသော်လည်းကောင်း၊ မိမိနိုင်ငံ၏ လူမျိုး ဘာသာအသွင်စရိုက် လက္ခဏာတို့ပေါ်မူတည်ပြီး ရေရှည်နိုင်ငံတော်ကို တည်ငြိမ်ဖွံ့ဖြိုးစေရန် အဘက် ဘက်က ထည့်သွင်းစဉ်းစားပြီး မိမိနိုင်ငံ နှင့်အသင့်တော်ဆုံး နိုင်ငံရေးကျင့်စဉ် တစ်ရပ်ကိုချမှတ်ခြင်းသာ ဖြစ်ပါ ကြောင်း တင်ပြလိုပါတယ်။

ဒါ့အပြင် ကျွန်တော်တို့နိုင်ငံရဲ့ပကတိ အခြေအနေအရ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိအောင် ဦးစားပေးဆောင်ရွက်ပြီး နောက် နိုင်ငံ တော်ဖွံ့ဖြိုးရေးမှသည် ပိုမိုခိုင်မာ၍ လွတ် လပ်မျှတသည့် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်သင့်ပါကြောင်း တင်ပြလို ပါတယ်။
ယနေ့အချိန်မှာ ဒီမိုကရေစီကျင့်စဉ် အပေါ် တိုက်ရိုက်ခြိမ်းခြောက်နေတာ ဟာ အကြမ်းဖက်ဝါဒဖြစ်ပါတယ်။နိုင်ငံတကာ အခြေအနေတွေကို ကြည့်မယ်ဆိုရင် လူမှု အခြေအနေမတူကွဲပြားမှုအပေါ်မှာ အခြေ ပြုတဲ့ အကြမ်းဖက်ဝါဒဟာ နေရာယူလာ တာကိုတွေ့မြင်ရပါမယ်။ သယံဇာတ ပေါ ကြွယ်ဝမှုနှင့် ပထဝီနိုင်ငံရေးအရ အရေးပါ မှုတွေကိုပိုင်ဆိုင်ထားတဲ့ နိုင်ငံငယ်လေး တွေဟာ အကြမ်းဖက်ဝါဒရဲ့ပစ်မှတ်အဖြစ် ပုံဖော်ခံနေရ တာ အထင်အရှားဖြစ်ပါ တယ်။

လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် လည်း၂ဝ၁ဝ ပြည့်နှစ်မှာ ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီဟာ မြန်မာ့ဒီမိုက ရေစီ ကနဦးအသွင် ကူးပြောင်းမှုကိုအောင်မြင်မှုများစွာနဲ့ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ သို့သော် နိုင်ငံတော်ရဲ့ ဖူးပွင့်စ ဒီမိုကရေစီဟာ ယခုအချိန်မှာ အကြမ်းဖက်ဝါဒရဲ့ တိုက်ရိုက်ခြိမ်းခြောက် မှုကို ခံနေရပြီဆိုတာ ရခိုင် ပြည်နယ်မှာ ယနေ့အထိဖြစ်ပေါ်နေဆဲ အကြမ်းဖက် တိုက်ခိုက်မှုတွေက သက်သေပြနေပါ တယ်။ အကြမ်းဖက်မှုကို အခြေတည်တဲ့ နယ်မြေလုပွဲ တွေ ဆင်နွှဲပြီး အစွန်းရောက် ဝါဒနိုင်ငံတည်ထောင်ဖို့ကြိုးစားနေတဲ့ဖြစ် စဉ်တွေဟာ ရခိုင်ဒေသမှာတွင်မကဘဲ အရှေ့အလယ်ပိုင်းဒေသအပါအဝင် ကမ္ဘာ့ နေရာအတော်များများမှာ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီကို မြတ်နိုးသူတိုင်းဟာ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ ထိုနည်းတူ မြန်မာ့ဒီမိုကရေစီရှင်သန်ခြင်းက နိုင်ငံတကာ မိသားစုအတွက် လွတ်လပ်မျှတမှု ကိုကာကွယ်နိုင်မယ့် စံပြုပုံစံအဖြစ် ဆောင်ကြဉ်းပေးနိုင်မယ်ဆိုတာ နိုင်ငံကြီးတွေအနေနဲ့ သတိပြုမိစေလိုပါ တယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အကြမ်း ဖက်ဝါဒကို အစဉ်တစိုက်ဆန့်ကျင်ပါ တယ်။ ထိုနည်းတူ အကြမ်းဖက်ဝါဒကို ကျင့်သုံးနေတဲ့အဖွဲ့အစည်းတွေ၊ ကျော ထောက်နောက်ခံပေးနေသူတွေဟာ ဒီမို ကရေစီကို စနစ်တကျ ဖျက်ဆီးနေသူတွေ ဖြစ်တယ်ဆိုတာ ဒီနေရာမှာ တိတိကျကျ တင်ပြလိုပါ တယ်။

ငြိမ်းချမ်းရေးနဲ့ အပြုသဘောဆောင် တဲ့ရေရှည်ဖွံ့ဖြိုးရေးသာလျှင် တည်ငြိမ်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မှာဖြစ်ပါ တယ်။ ဒါကြောင့် ပြည် တွင်းငြိမ်းချမ်းရေးအတွက် ပြည်ခိုင်ဖြိုးပါတီ အစိုးရ တာဝန်ယူခဲ့စဉ်ကာလက အထူးအလေးပေးကြိုးစားခဲ့သလို ယခုအချိန်မှာ လည်း စိတ်အားထက်သန်စွာဝိုင်း ဝန်းဆောင်ရွက်ပေးနေပါကြောင်း ပြော ကြားလိုပါတယ်။

ကျွန်တော်တို့အနေနဲ့မြန်မာ့ဒီမိုကရေစီ ဖြစ်စဉ်ကို အစပြုတည်ဆောက် ပေးခဲ့တဲ့ နည်းတူ ရေရှည်တည်တံ့ခိုင်မာတဲ့ တရားဥပဒေစိုးမိုးမှုကို အခြေပြုတဲ့ ပြည်ထောင်စု စနစ်ပေါ်ပေါက်လာရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာထပ်မံလိုအပ်မယ့် ဥပဒေ အချက်အလက်များကို ပြင်ဆင်ရန် မူအား ဖြင့် သဘောတူညီထားပြီး ဖြစ်ပါတယ်။

သို့ပါ၍ နိုင်ငံတော်ကို လက်တွေ့ကျ သည့်စီးပွားရေးမူဝါဒများ၊ ဖွံ့ဖြိုးရေး အစီအစဉ်များ ချမှတ်ပြီး နိုင်ငံတော်နဲ့ သဟဇာတဖြစ်မယ့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ် ရှင်သန်စွာ ဖော်ဆောင်နိုင်စေရန် ပြည်သူ လူထု တစ်ရပ်လုံးနှင့်အတူ လက်တွဲဆောင်ရွက်စေလိုပါကြောင်း ဆန္ဒပြု ရင်း ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ ”ဒီမို ကရေစီရှင်သန်ဖို့ ပူးပေါင်းကာကွယ်စို့” (In Defense of Democracy) ကို အောင်မြင်အောင် ပြည်သူလူထုနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

#theuniondaily