မုံးကိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဖလား လူငယ်ချစ်ကြည်ရေး ဘောလုံပြိုင်ပွဲ ကျင်းပ

 

( ၁၄ ~ ၈ ~ ၂၀၁၇ )နေ့မှစတင်ပြုလုပ်ကျင်းပသော မူဆယ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ – ဥက္ကဌ ဖလား အမှတ်ပေး ဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အား ( ၁၄ ~ ၉ ~၂၀၁၇ )နေ့ နေ့လည် (၃) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြရာ ပထမဆုအား မန်ကျယ်အသင်း မှ ရရှိခဲ့ကာ ဒုတိယဆုကို မုံးကိုးအသင်း မှရရှိခဲ့သလို တတိယဆုကိုတော့ ခါဆန်အသင်းတို့မှအသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။

ပထမဆု ရရှိသောဆုဖလားနှင့် ဆုတော်ငွေအား မူဆယ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးနော်တောင်နှင့် မုံးကိုးမြို့အခြေချစစ်ဗျူဟာမှူးဗိုလ်မှူးကြီး မျိုးမြင့်ထွေးတို့မှ   ချီးမြှင့်ခဲ့ကြ သည်။

ဒုတိယဆု ရရှိသောအသင်းအား ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ မုံးကိုးစခန်း တာဝန်ခံ ဦးထန်ဆီမှ ချီးမြှင့်ပေးပြီး တတိယဆု ရရှိသောအသင်းအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ မုံးကိုးမြို့ရဲစခန်းမှ စခန်းမှူး ဦးညီမာန်မှ ချီးမြှင့်ခဲ့ ကာ စည်းကြပ်ဒိုင်များအား မူဆယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးစိုင်းသိန်းဝင်းမှလည်းကောင်း၊ တစ်ဦးခြင်းနှင့် အသင်းလိုက်အသန့်ရှင်း ဆုံး ဆုရ လီဆူအသင်းတို့အား ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဘရန်ဒီး တို့မှ ဆုများကို ချီးမြှင့်ပေးခဲ့ကြကြောင်းနှင့် ညနေ (၆း၃၀) နာရီအချိန်ခန့် တွင် ဘောလုံးကွင်း ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းနိုင် ခဲ့ကြောင်း သတင်းရရှိပါသည်။

M ~ အေဂျေ ( NTU )