ပြည်​​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူးနှင့်​အဖွဲ့များ သင်​တန်းဖွင့်​ပွဲအခမ်းအနားတက်​​ရောက်

 

၁၅.၉.၂၀၁၇ ရက်​​နေ့ ​သောကြာ​နေ့တွင်​ ရှမ်းပြည်​နယ်​(​တောင်​ပိုင်း) ​တောင်​ကြီိးခရိုင်​ နှင့်​ ပင်​​လောင်းမြို့နယ်​တို့ ပူး​ပေါင်းကာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံြ့​ဖိုး​ရေးပါတီမှ အမျိုးသမီး​ရေးရာ  လှုပ်​ရှားမှုကဏ္ဍတစ်​ရပ်​​အ​နေဖြင့်​ “အခမဲ့စက်​ချုပ်​သင်​တန်း” ၊ “ပန်း၊သစ်​သီး အလှ​ဖော်​သင်​တန်း”၊”မြန်​မာ့ရိုးရာမုန့်​လုပ်​နည်း”၊ “ထမင်း၊ဟင်းချက်​ပြုတ်​နည်းအမျိုးမျိုး” သင်​တန်းအား ​​နေ့လည်​ ၁၂ နာရီတွင်​ဖွင့်​လှစ်​​ပေးခဲ့ပါသည်​။

သင်​တန်းဖွင့်​ပွဲအခမ်းအနားသို့ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟိုအလုပ်​အမှု​ဆောင်​ ပြည်​နယ်​ဥက္ကဋ္ဌဦးစိုင်းသန်းဝင်း ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ ၊ ပြည်​နယ်​​ကော်​မတီဝင်​များ ၊ ခရိုင်​ဥက္ကဌ နှင့်​ ခရိုင်​တာဝန်​ခံများ ၊ မြို့နယ်​ဥက္ကဋ္ဌ နှင့်​ မြို့နယ်​​ကော်​မတီဝင်​များ ၊ သင်​တန်းသူများ တက်​​ရောက်​ခဲ့ကြပါသည်​။
DuWonKyal