ဗဟိုဦးဆောင်ကော်မတီဝင်သူရဦးအေးမြင့် မုံရွာခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် သည် ယခုလ ၈ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော မုံရွာခရိုင်၊ မုံရွာမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက် ပြီး ပါတီ၏ရှေ့လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

thura-u-aye-myint

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း (ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်)၊ အတွင်းရေးမှူး ဦးအောင်ဇော်ဦး (ဗဟိုကော်မတီဝင်) တို့နှင့်အတူ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)၊ ဦးမင်းမင်းဇေယျာမြင့် (ဗဟိုကော် မတီဝင်)၊ ဦးစောမြင့်ဦး (ဗဟိုကော်မတီဝင်)၊ ဒေါ်သိင်္ဂီဝင်းရွှေ (ဗဟိုကော်မတီဝင်)၊ ဒေါ်ညွန့်ညွန့်ဌေး(ဗဟိုကော် မတီဝင်)၊ ဒေါ်ယဉ်မာဝင်းတို့ တက်ရောက်ကြပြီးမုံရွာခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မုံရွာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုစုပေါင်း အင်အား ၅ဝ ခန့် တက်ရောက် ကြသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်က ပါတီ ၏ ရှေ့လုပ်ငန်းစဉ်နှင့် မူဝါဒများကို အသေးစိတ် မှာကြား ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၃ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Leave a Reply