ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့များဘုရားပရိဝုဏ် သန့်ရှင်းရေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး မြို့နယ်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာကော်မတီဝင်များ အင်အား ၃ဝ ဖြင့် ယနေ့ နံနက် ၈ နာရီခွဲက ကွမ်းခြံကုန်းမြို့နယ်ကျက်သရေဆောင် မဟာတိ လောက မှန်ကူသွန်း ဘုရားကြီးနတ်လမ်းနှင့် ပရိဝုဏ်အတွင်းသန့်ရှင်းရေးများ ပြုလုပ်ပြီး လုပ်အားဒါနပေးလှူခဲ့ကြကြောင်း သိရသည်။

အဆိုပါပြည်ခိုင်ဖြိုးလူငယ်နှင့်အမျိုးသမီးရေးရာ လုပ်အားဒါနပြု သန့်ရှင်းရေးအဖွဲ့ကို ဘုရားကြီးဂေါပကဥက္ကဋ္ဌဦးစံထွန်းနှင့်ဦးတင်ဦးတို့ က လက်ဖက်ရည်ချိုနှင့် မုန့်အာဟာရများ ဆွမ်းတော်  ကပ်လှူရေးအဖွဲ့က အချိုရည်အအေးပုလင်းများဖြင့် ပြန်လည်ကျွေးမွေးလှူဒါန်း ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ကွမ်းခြံကုန်း)