နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော် မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သကျသီဟဝဋံသကာ၊ ပါဠိသိရောမဏီ ဘီအေ၊ ဗုဒ္ဓစာပေါရဂူ (Ph.D,D.Litt) ကမ္ဘာ့ငြိမ်းချမ်း ရေးဂုဏ်ထူးဆောင်ဆု(ကမ္ဘာ့လူသားများယဉ်ကျေးမှု ဂုဏ်ရည် ဘွဲ့)၏ သက်တော်(၈၈) နှစ်ပြည့်ဝိဇာတမွေးနေ့ မင်္ဂလာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှယနေ့နံနက် ၉နာရီက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေ များကို သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ သွားရောက်လှူဒါန်းရာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါ ခဲ့ကြသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကြီး၏ သက်တော်(၈၈) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအား မန္တလေး မြို့ ဗန်းမော်ကျောင်းတိုက်၌ ယနေ့ကျင်းပခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ယနေ့သွားရောက်လှူဒါန်းခဲ့သည့် နဝကမ္မ အလှူတော်ငွေမှာ တိုင်းဒေသကြီးပါတီမှ ကျပ်နှစ်သိန်း၊ မန္တလေးခရိုင်ပါတီမှ ကျပ်ငါးသောင်း နှင့်မဟာအောင်မြေ  မြို့နယ် ပါတီမှ ကျပ်ငါးသောင်း စုစုပေါင်းငွေကျပ် သုံးသိန်းနှင့်အတူ သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

သုတ