ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး စစ်ကိုင်းခရိုင် မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် စစ်ကိုင်းခရိုင် မြောင်မြို့နယ် ပါတီကော်မတီဝင်များ      ကျောက်တန်းကျေးရွာအုပ်စု၊ စည်ပင်ကျေး ရွာပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ပြီး ပါတီ စည်းရုံးရေးလုပ်ငန်းများနှင့်ပတ် သက်၍ အကျယ်တဝင့်ဆွေးနွေး ညှိနှိုင်းသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင် တင်မြင့်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ စစ်ကိုင်း ခရိုင် ပါတီကော်မတီဝင်များ၊ မြောင် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ ကျောက်တန်းကျေးရွာအုပ်စု၊စည်ပင်ကျေးရွာပါတီဝင်များ စုစုပေါင်း အင်အား ၃ဝဝ ကျော်တက် ရောက်ကြသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော ပါတီကော်မတီဝင်များ၊ရပ်/ကျေးပါတီ ခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုးက လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေ အနေနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ပါတီစည်းရုံးရေး လုပ်ငန်းများဦးစားပေးဆောင်ရွက် နိုင်ရေး ဆွေးနွေး သည်။ ကျောက်တန်းကျေးရွာမှရပ်မိရပ်ဖ ဦးဝင်းသန်းက ကျေးရွာ၏ ဖွံ့ဖြိုးတိုးတက် မှုများအားဆွေးနွေးပြီး ဗဟိုအလုပ် အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးက နိဂုံးချုပ်အမှာစကား     ပြောကြားခဲ့သည်။ ထို့နောက် အမကမူလွန်ကျောက်တန်း အုတ်တံ တိုင်းကာရံခြင်းအတွက် ဘိလပ်မြေ အိတ် ၂ဝဝ လှူဒါန်းခဲ့သည်။

ညနေပိုင်းတွင် ဗဟိုအလုပ် အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် မြင်းမူမြို့နယ်၌ ပြု လုပ်သော တွေ့ဆုံပွဲသို့တက်ရောက် ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ စစ်ကိုင်းခရိုင် ပါတီကော်မတီဝင်များ မြင်းမူမြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီခေါင်းဆောင်များ စုစု ပေါင်းအင်အား ၁၄ဝ တက်ရောက်သည်။

တွေ့ဆုံပွဲအခမ်းအနားသို့တက် ရောက်လာကြသော ပါတီကော်မတီဝင်များ၊ရပ်/ကျေး ပါတီ ခေါင်းဆောင်များက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ထို့နောက်ဗဟိုအလုပ် အမှုဆောင်             တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီး ပါတီစည်းရုံးရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်နိုင်ရေး             ဆွေးနွေးသည်။ မြို့နယ်ပါတီဥက္ကဋ္ဌဦးဝင်းနိုင် က မြို့နယ်ပါတီ၏လုပ်ငန်းဆောင်ရွက်နေမှု များကို ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက လိုအပ်ချက် များကို  ဖြည့်စွက်ဆွေးနွေးကြ ရာ ဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးတာဝန်ခံက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

စိမ်းနိုင်(ဝက်လက်)