ကျောက်ကြီးပြည်ခိုင်ဖြိုးပါတီ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ ကသစ်ဝိုင်ရိပ်သာ ၁ဝ ရက်စခန်းကို လုပ်အားဒါနပြုလုပ်ဆောင်ရွက်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ရွှေမင်းဝံကုန်းမြေ ကသစ်ဝိုင်ဓမ္မရိပ်သာ (၆၁)ကြိမ်မြောက် ၁ဝ ရက်စခန်း အလုပ်ပေးတရားစခန်းဝင်ယောဂီ များ၏ ဝေယျာဝစ္စများကို ပြည်ခိုင်ဖြိုး ပါတီ မြို့နယ်အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် လူငယ်ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်၊ အမျိုးသမီးရေးရာ တာဝန်ခံနှင့် ပါတီကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ပါတီဝင် စုစုပေါင်း ၃ဝ ခန့်တို့က ယနေ့နံနက် ၄ နာရီမှစ၍ လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ရာ နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)